ပထမအကြိမ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ပထမအကြိမ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / October 18, 2025

နေပြည်တော် အောက်တိုဘာ ၁၇
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် ပထမအကြိမ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ လေတပ် ချင်းတွေ့ဆုံဆွေးနွေးပွဲ (1st Myanmar Air Force– Sri Lanka Air Force Air Staff Talks) ကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ပြုလုပ်ရာ တပ်မတော်(လေ)မှ ဒုတိယစစ်ဦးစီးအရာရှိချုပ်(လေ)(စက်မှုလက်မှု) ဗိုလ်ချုပ်မျိုးအောင်လတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သီရိလင်္ကာလေတပ်မှ Air Vice Marshal SDGM Silva ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်၊ လေ့ကျင့်ရေး၊ ပညာရေးနှင့် အားကစားကဏ္ဍများတွင် အပြန်အလှန် ထိတွေ့ ဆက်ဆံရေးဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ဆက်လက်၍ နှစ်နိုင်ငံလေတပ်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ညပိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း အထိမ်းအမှတ်ညစာစားပွဲကို Chatrium Hotel ၌ တည်ခင်းဧည့်ခံခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ လာရောက်စဉ်ကာလအတွင်း သီရိလင်္ကာလေတပ်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗိုလ်တထောင်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ Junction City၊ Cathedral of The Immaculate Conception (Catholic Church)၊ ကရဝိတ်၊ ကန်တော်ကြီးနှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ပြီး Chatrium Hotel ၌ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ လာရောက်ပြသသော မြန်မာ့ရိုးရာဝိုင်းခြင်းနှင့် တစ်ပင်တိုင်ခြင်း အလှပြကစားနည်းများကို အားပေးကြည့်ရှုခဲ့ကြသည်။ ယင်းနောက် သီရိလင်္ကာလေတပ်မှ ကိုယ်စား လှယ်အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသတင်း ရရှိသည်။
သတင်းစဉ်
Newspaper - 3321 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download