ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော်  ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မမြောက်ရပ်ကွက်နေ ကျော်ဝင်းနိုင်(၄၆)နှစ်သည် ၎င်းအသုံးပြုသည့် "Kyaw Win Naing" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားလှုံ့ဆော်ခဲ့ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသဖြင့် ၎င်းအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရေနံချောင်းမြို့မရဲစခန်း (ပ)၃၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်၊ ဦးမြအပိုင်ဖွံ့ဖြိုးရေးလမ်းနှင့် ကွက်သစ်လမ်းဆုံ၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဆိုင်းဘုတ်အား ဖျက်ဆီးသွားသူ အဆိုပါရပ်ကွက်နေ သိသာဆို(၃၀)နှစ်အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စက်ဆန်းနယ်မြေရဲစခန်း (ပ)၁၃၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာနေ ခိုင်စိုး(၅၈)နှစ်သည် ၎င်းအသုံးပြုသည့် "Khaing Soe" Facebook Account ဖြင့် Messanger တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ပျက်ပြားစေရန်နှင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် စာသားများရေးသားပြောဆိုထားသည်ကို ဖော်ထုတ်ဖမ်းဆီးရမိသဖြင့် ၎င်းအား နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သန်လျင်မြို့မရဲစခန်း (ပ)၄၃၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်နေ အခြေခံပညာအလယ်တန်းကျောင်း(ပိဿလိမ်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအေး၏ လက်ကိုင်ဖုန်းသို့ ဖုန်းအမှတ် ၀၉၆၇၃၅၆၂၀၇၈ နံပါတ်ဖြင့် “ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ခြင်းမပြုရန်နှင့် ဆရာမကြီးကျောင်းက မဲရုံတာဝန်ရှိသူများကိုပါ ကြိုတင်သတိပေးတာပါ” ဟု ခြိမ်းခြောက်စာပေးပို့ခဲ့သဖြင့် အဆိုပါခြိမ်းခြောက်စာရေးသားပေးပို့ခဲ့သူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သရက်မြို့မရဲစခန်း(ပ)၈၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း၊

ထို့အတူ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သိမ်ဇရပ်)မှ ဆရာမ ၉ ဦးသည် ကျိုက်ထိုမြို့၌ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြင့် သင်တန်းတက်ရောက်ရန် မော်တော်ယာဉ်ဖြင့်သွားစဉ် ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာ တိုးဂိတ်အနီးအရောက်၌ သံချောင်းဦးဆောင်သည့် PDF အမည်ခံအကြမ်းဖက်သမားများက မော်တော်ယာဉ်အား တားဆီးကာဖမ်းဆီးခေါ်ဆောင်သွားပြီး ဆရာမများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းမပြုလုပ်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် သံချောင်း ဦးဆောင်သည့် PDF အမည်ခံအကြမ်းဖက်သမားများအား နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သိမ်ဇရပ်နယ်မြေရဲစခန်း (ပ)၁၅၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)ဖြင့် လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရေလဲကျေးရွာအုပ်စုနှင့် နတ်သံကွင်းကျေးရွာအုပ်စုတို့မှ ကျေးရွာတာဝန်ခံများအား တင်ဆန်းဦး ဦးဆောင်သည့် PDF အမည်ခံအကြမ်းဖက်အုပ်စုနှင့် KNLA အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ရင်းတိုက်ကုန်းကျေးရွာသို့ ခေါ်ဆောင်ကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် ဆန္ဒမဲပေးခြင်းမပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် တင်ဆန်းဦးဦးဆောင်သည့် PDF အမည်ခံအကြမ်းဖက်အုပ်စုနှင့် KNLA အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့အား နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်ကြီးမြို့မရဲစခန်း (ပ)၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ) ဖြင့် လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မာမြင့်၏ လက်ကိုင်ဖုန်းသို့ ဖုန်းအမှတ် ၀၉၂၅၁၈၈၈၆၂၂ ဖြင့် “ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ခြင်းမပြုရန်နှင့် သတိနဲ့နေပါ” ဟု ခြိမ်းခြောက်ခဲ့သဖြင့် ထိုသို့ခြိမ်းခြောက်ပြောဆိုခဲ့သူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဟားခါးမြို့မရဲစခန်း (ပ)၅၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်နှင့် ရမ်ပူရပ်ကွက်အဝင်လမ်းဆုံထောင့်၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်း (ပ)၂၂၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရေချိုကုန်းကျေးရွာ ရာအိမ်မှူးဦးမြင့်စိုး၏ နေအိမ်ခြံဝင်းအတွင်းသို့ “ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်" ခြိမ်းခြောက်ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင် လာရောက်ပစ်ချသွားခဲ့သဖြင့် အဆိုပါခြိမ်းခြောက်စာ ပစ်ချခဲ့သူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကန်ဘက်နယ်မြေရဲစခန်း(ပ)၅၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်-များကလေးသွား ကားလမ်းနှင့်ခရားအတွင်းကျေးရွာ ရွာအဝင်လမ်းဆုံ၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးခဲ့သူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဇာသပြင်နယ်မြေရဲစခန်း (ပ)၂၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၁၂၁ လမ်းနှင့် ၆၀ လမ်းထောင့်၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းဆိုင်းဘုတ်အားဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၆ ရက်တွေင် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၂၂၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ထန်းတောင်လမ်းဆုံထောင့်၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ငွေဆောင်နယ်မြေရဲစခန်း(ပ)၃၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အေးကျွန်းကျေးရွာနေ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်(၃၇)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးဝေလင်းထက်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ခြင်းမပြုနိုင်စေရန် ဖမ်းဆီးသွားသည့် PDF အမည်ခံအကြမ်းဖက်သမားသုံးဦး(စိစစ်ဆဲ)အား နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့မရဲစခန်း (ပ)၁၇၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာ လမ်းလေးဆုံ၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသည်ကို တွေ့ရှိရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျွန်းစုမြို့မရဲစခန်း (ပ)၄၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့်လည်းကောင်းအမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Newspaper - 3368 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download