ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ပြန်လည်ထွက်ခွာ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ပြန်လည်ထွက်ခွာ
Ministry of Information/ Naypyitaw / January 27, 2026
ရန်ကုန် ဇန်နဝါရီ ၂၆
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ရွေးကောက်ပွဲသို့ လာရောက် စောင့်ကြည့်လေ့လာခဲ့ကြသည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ Ms. Volha N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီတွင် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် Ms. Yusti Erlina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်နံနက် ၁၀ နာရီ ၂၅ မိနစ် တွင်လည်းကောင်း၊ နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၄ နာရီ ၂၅ မိနစ် တွင်လည်းကောင်း၊ International Conference of Asian Political Parties (ICAPP)အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၅ နာရီ ၃၅ မိနစ် တွင်လည်းကောင်း၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၅ နာရီ မိနစ် ၅၀ တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၇ နာရီတွင်လည်းကောင်း လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ သွားကြသည်။
ထို့အတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်လည်း ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3423 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
