ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / August 10, 2025
နေပြည်တော် ဩဂုတ် ၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသစ်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆုရရှိသူ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တိုက်တွန်းပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏သားသမီးများပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အုတ်မြစ်ဖြစ်ကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် အရည်အချင်းရှိသောပညာတတ်များပေါ်ထွန်းလာရေး စဉ်ဆက်မပြတ် အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကိုသင်ယူပြီး နိုင်ငံတော်အကျိုးကိုသယ်ပိုးနိုင်သည့် အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ထမ်းများ၏သားသမီးများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ရာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုယ်စား ဆုရရှိသည့် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အခမ်းအနားတွင် အခြေခံပညာအဆင့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ ၁၅၇၂၅ ဦးအတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဗလာစာအုပ်များထောက်ပံ့ခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ငါးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၄ ဦးအပါအဝင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ ၁၆၁ ဦးအား ဂုဏ်ပြုလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3529 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
