ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းစိုက်၊ မွေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစစ်ဆေး နဝမအကြိမ်မြောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများ စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း


Ministry of Information/ Naypyitaw / January 18, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တဘူးလှဆည်ရေသောက်စနစ် လက်ဝဲမြောင်းမကြီး ပေတိုင်(၁၀၁+၀၀၀) သို့ရောက်ရှိပြီး ရေသောက်ဧရိယာအတွင်းရှိ ကုန်းမြင့်ဧရိယာများတွင် ဆိုလာစနစ်ဖြင့်လည်းကောင်း၊ အလိုအလျောက်ရေတင်စနစ် (Water Turbine Pump) တပ်ဆင်အသုံးပြုခြင်းဖြင့်လည်းကောင်း ရေရရှိနိုင်ရေးနည်းလမ်းပေါင်းစုံဖြင့် ကြံဆစီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)၌ ကျင်းပသည့် နဝမအကြိမ်မြောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော်)တို့မှ တတိယနှစ်သင်တန်းကျောင်းသား ကျောင်းသူစုစုပေါင်း ၁၃၇ ဦးတို့ကို စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ တန်းစဉ်အလိုက် စုစုပေါင်းရမှတ်အများဆုံးဆုရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီးကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများ လက်တွေ့ကွင်းဆင်းလေ့ကျင့် ဆောင်ရွက်ထားသည့် သီးနှံစိုက်ခင်းများ၊ သုတေသနစိုက်ခင်းများကို ကြည့်ရှုအားပေးကာ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သာယာဝတီမြို့နယ် ဆရာစံမြို့သစ် အလယ်ကုန်းရပ်ကွက်ရှိ ပုဂ္ဂလိကနို့စားနွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုအားပေးပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အကြံပြုဆွေးနွေးမှာကြားသည်။

ထို့နောက် မင်းလှမြို့နယ် ဥတိုကညင်ပင်ကျေးရွာ ကံတင်ဘီးလင်း ဆည်ရေသောက်စနစ်အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ဆောင်းပဲတီစိမ်း ဧက ၅၀ စံပြကွက် ရွက်ဖျန်းမြေ သြဇာပက်ဖျန်းနေမှုကိုကြည့်ရှုပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဆီထွက်သီးနှံနေကြာကို စမ်းသပ်စိုက်ပျိုးကြရန်နှင့် သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံပုံစံပြောင်းလဲ၍ စိုက်ပျိုးသွားကြရန် ဆွေးနွေးမှာကြားပြီး ဆောင်းသီးနှံပဲတီစိမ်းစံပြကွက် စိုက်ပျိုးသည့် တောင်သူများကို သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3527 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download