ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / May 31, 2025

၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ရထားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဆရာစံမြို့သစ်ရပ်ကွက်ရှိ ရထားလမ်းမိုင်တိုင်အမှတ် ၆၇ မိုင် ၁၇ ဖာလုံနှင့် ၁၈ ဖာလုံကြား၌ ရထားတိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာယာဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီမြို့နယ်၊ စိန်ကတော်ကျေးရွာနေ ဦးသိန်းဇော်(၅၁)နှစ်သည် ဆရာစံမြို့သစ်ရပ်ကွက်မှ ရန်ကုန်-ပြည်လမ်းပေါ်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးစဉ် ရန်ကုန်မှ ပြည်သို့ မောင်းနှင်လာသည့် အမှတ်(၆၃)အဆန်ရထားနှင့် ဆိုင်ကယ်တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဦးသိန်းဇော် အား သုံးဆယ်နယ်မြေရဲစခန်း (ပ)၇၅/၂၀၂၅၊ ရထား ပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
