ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / January 13, 2026
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့ စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် နံနက် ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၁)ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးလှသောင်း (၆၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား လေးဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးလှသောင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သ တင်းရရှိပါသည်။
Newspaper - 3409 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
