ပြင်ဦးလွင်မြို့ဖွံ့ဖြိုးတိုးတက်ရေး သာယာလှပရေးပါဝင်ဆောင်ရွက်
ပြင်ဦးလွင်မြို့ဖွံ့ဖြိုးတိုးတက်ရေး သာယာလှပရေးပါဝင်ဆောင်ရွက်
Ministry of Information/ Naypyitaw / May 18, 2026
ပြင်ဦးလွင်မြို့သည် ဆယ့်နှစ်လရာသီ ရာသီဥတုကောင်းမွန်ပြီး အလွန်သာယာ လှပသည့်မြို့တစ်မြို့ဖြစ်သည်။ အထူးသဖြင့် နွေရာသီတွင် အပန်းဖြေမြို့အဖြစ် အစဉ်အဆက်ထင်ရှားကျော်ကြားသည်။ ပန်းမျိုးစုံနှင့် ရာသီသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့်ဒေသဖြစ်သလို ချယ်ရီပင်များ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသလည်း ဖြစ်သည်။ ထို့ကြောင့် ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ပန်းမြို့တော် ပြင်ဦးလွင်ကို စဉ်ဆက်မပြတ် သာယာလှပဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြင်ဦးလွင်ဒေသသည် ယခင်ဆယ်စုနှစ် နှစ်စုကာလခန့်နှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက များစွာဖွံ့ဖြိုးတိုးတက်လာသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရမည်ဖြစ်သည်။ ပြင်ဦးလွင်မြို့သို့ နိုင်ငံတော်အကြီးအကဲ(ယခုနိုင်ငံတော်သမ္မတ)အနေဖြင့် မကြာခဏသွားရောက်ခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သာယာလှပရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ မေ ၁၆ ရက်က ပြင်ဦးလွင်မြို့သို့ နိုင်ငံတော်သမ္မတရောက်ရှိစဉ် “မြို့များသည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး မြို့တစ်မြို့ချင်းစီ အလိုက် ကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကိုကောင်းအောင် တည်ဆောက် နေခြင်းပင်ဖြစ်သဖြင့် မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်စေရေးဒေသခံများနှင့် ဒေသတွင်တာဝန်ထမ်းဆောင်နေသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
ပြင်ဦးလွင်မြို့တွင် မူရင်းဒေသခံများနေထိုင်ကြသကဲ့သို့ အခြားဒေသများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်ကြသူများလည်းရှိသည်။ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြို့တွင်နေထိုင်ကြသူ ပြည်သူများအနေဖြင့်လည်း မိမိတို့မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုသည်။ မိမိတို့နေထိုင်ရာ အိမ်ခြံမြေများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုသည်။
ပြင်ဦးလွင်မြို့သည် သဘာဝကပေးထားသော အေးချမ်းသာယာလှပသည့် ရာသီဥတုနှင့် အနေအထားကို ပိုင်ဆိုင်ထားပြီး နေထိုင်ရန်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ကြောင့် ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်အဖြစ် ဆောင်ရွက်နိုင်ရေး နိုင်ငံတော်သမ္မတက မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ ပြင်ဦးလွင်မြို့သည် မြို့နေလူဦးရေ ထူထပ်များပြားလာသည်နှင့်အမျှ နေ့စဉ်အမှိုက်စွန့်ပစ်မှုများလည်း များပြားလာရာ အဆိုပါစွန့်ပစ်အမှိုက်များကို အကျိုးရှိစွာဖြင့် ပြန်လည်အသုံးချ၍ မြို့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကဲ့သို့ လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားပြီး ပိုမိုလာရောက်လည်ပတ်ကြမည်ဖြစ်သည်။
ပြင်ဦးလွင်မြို့၏ ဂုဏ်ဒြပ်ပိုမိုကောင်းမွန်လာမှုနှင့်အတူ ခရီးသွားပြည်သူများ စားသုံးရန်နှင့် ဒေသတွင်းရှိ ပြည်သူများ စားသုံးရန်လိုအပ်သည့် အစားအသောက်များအတွက် အသား၊ ငါးနှင့် ဥများကို ဒေသတွင်း၌ပင် လုံလောက်အောင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်ကြသော ခရီးသွားများ လာချင်စဖွယ်ဖြစ်စေရေး ဒေသထွက်စားသောက်ကုန်များ၊ ရိုးရာအဝတ်အထည်များ၊ အစားအသောက်နှင့် ဒေသထွက်သီးနှံများကို ထိုက်သင့်သည့် ဈေးနှုန်းများဖြင့်ရောင်းချပြီး ခရီးသွားများကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးခြင်း၊ ပျူငှာစွာဆက်ဆံခြင်းတို့ဖြင့် ပြင်ဦးလွင်မြို့၏ဂုဏ်သတင်းကို ဆက်လက်မြှင့်တင်ထားရမည်ဖြစ်သည်။ ပြင်ဦးလွင်ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များကို တိုးချဲ့စိုက်ပျိုးပြီး သာယာလှပမှုနှင့် အအေးဓာတ်ကို ထိန်းသိမ်းထားရမည်ဖြစ်သည်။
ဒေသမျိုးရင်းပန်းမျိုးများကို ပိုမိုထိန်းသိမ်းဆောင်ရွက်ရန်လိုသလို ပြင်ဦးလွင်၏ ထင်ရှားသည့်ထုတ်ကုန်တစ်ခုဖြစ်သည့် မက်မန်းကိုလည်း ယခုထက်ပိုမိုစိုက်ပျိုး ထုတ်လုပ်ရမည်ဖြစ်သည်။ အခြားဥယျာဉ်သီးနှံများဖြစ်သည့် ထောပတ်၊ လိမ္မော်၊ မက္ကဒေးမီးယားအပါအဝင် အခြားသီးနှံများကိုလည်း တိုးတက်စိုက်ပျိုးထုတ်လုပ် ကြရန်လိုသည်။ ပြင်ဦးလွင်တွင် ပိုးစာပင်များ စိုက်ပျိုးဖြစ်ထွန်းသဖြင့် ပိုးစာပင်များ ကိုအခြေခံသည့် ပိုးချည်မျှင်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရာ ရေရှည်တွင် ပြင်ဦးလွင်ထုတ်ကုန် ပိုးချည်အဖြစ် ထင်ရှားလာမည်ဖြစ်သည်။ ယခင်နာမည်ရှိပြီး အရည်အသွေးကောင်းမွန်မြင့်မားသည့် နို့နှင့် နို့ထွက်ပစ္စည်းများ ကို ယခုထက် ပိုမိုထုတ်လုပ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နာမည်ဂုဏ်သတင်းထင်ရှားသည့် ပန်းမြို့တော်၊ ချယ်ရီမြို့တော် ပြင်ဦးလွင်မြို့ကို ယခုထက် ပိုမိုသာယာလှပရေး၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး၊ ခရီးသွားပြည်သူများ ပိုမိုစိတ်ဝင်စားရေးတို့အတွက် မြို့ပြတာဝန်ရှိသူများနှင့် မြို့နေပြည်သူများက ပြင်ဦးလွင်မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို တက်တက်ကြွကြွ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3529 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
