ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သော အလုပ်သင်အစီအစဉ်အရ တတိယနှစ် ကျောင်းသား/ကျောင်းသူ အလုပ်သင်မောင်မယ်များအား နှုတ်ခွန်းဆက် အခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သော အလုပ်သင်အစီအစဉ်အရ တတိယနှစ် ကျောင်းသား/ကျောင်းသူ အလုပ်သင်မောင်မယ်များအား နှုတ်ခွန်းဆက် အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / November 28, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်သည့် လက်တွေ့လုပ်ငန်းခွင်အလုပ်သင် အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ရန်ကုန် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့တွင် အလုပ်သင်ဆင်းသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com၊ B.Act၊ BBA အထူးပြု တတိယနှစ်ကျောင်းသား/ကျောင်းသူ အလုပ်သင်မောင်မယ် များအား နှုတ်ခွန်းဆက်သည့် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် အလုပ်သင်မောင်မယ်များအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏အဓိကတာဝန်တစ်ရပ်ဖြစ်သော နိုင်ငံတော်အရအသုံးများ စစ်ဆေးခြင်းအပါအဝင် စာရင်း စစ်ချုရုံးများလိုက်နာရမည့် နိုင်ငံတကာစံ(ISSAIs)လိုက်နာဆောင်ရွက်မှု၊ ရုံး၏ ဖွဲ့စည်းပုံ အဆင့်ဆင့်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးအတွက်ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ကြီးကြပ်မှု ပြုလုပ်ရာတွင် လိုက်နာရမည့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်း များ၊ စာရွက်စာတမ်းများကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ရုံးစာရေးသားနည်းများ စသည်တို့ကို စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ဝန်ကြီးဌာန၊အဖွဲ့အစည်းများ၏ ရငွေများစီမံကြီးကြပ်ကောက်ခံမှု၊ အသုံးစရိတ် များကို ထိရောက်အကျိုးရှိစွာသုံးစွဲမှုတို့ကိုစစ်ဆေးသည့် စစ်ဆေးရေးကဏ္ဍ၊ ဝန်ထမ်းရေးရာ ကဏ္ဍ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကဏ္ဍများကိုလည်း စာတွေ့သာမက လက်တွေ့လေ့လာနိုင်မည့် အခွင့်အရေးလည်းရရှိမည်ဖြစ်ပါကြောင်း၊ အလုပ်သင်ဆောင်ရွက်ခြင်းဖြင့် ရရှိခဲ့သည့် အသိ ပညာ၊ ဗဟုသုတများကို စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ခြင်းဖြင့် ဘာသာရပ်များကို ပိုမိုနား လည်ကျွမ်းကျင်မည်ဖြစ်ပါကြောင်း၊ ယခုအလုပ်သင်အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာတစ်ခုဖြစ်သည့် Industry နှင့် University ပေါင်းစပ်ဆောင်ရွက်သည့် အစီအစဉ် တစ်ခုလည်းဖြစ်ပါကြောင်း၊ အလုပ်သင်ဆင်းခြင်းဖြင့် လုပ်ငန်းခွင်ပေါင်းသင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်များ တိုးတက်စေမည်ဖြစ်ပြီး ရရှိသည့် အသိပညာ၊ အတတ်ပညာများဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးခရီးလမ်းတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် ပါဝင်နိုင်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက ရုံးအလုပ်သင်ဆင်းမှု အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သမိုင်းကြောင်းနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးဦးစီးဌာနများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့၏ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အလုပ်သင်မောင်မယ်များ ဗဟုသုတရဖွယ် သိရှိမှတ်သားနိုင်စေရန် တင်ပြသည့် “ကြိုဆိုနေမည် ရုံးတော်ကြီးဆီ” Video Clip ကို ပြသခဲ့ သည်။
ထို့နောက် အလုပ်သင်မောင်မယ်များကိုယ်စား ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇ ဗေဒဌာနမှ စာရင်းကိုင်ပညာကျောင်းသူ မခင်ပြည့်စုံအောင်က အလုပ်သင်အတွေ့အကြုံ များနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အလုပ်သင်မောင်မယ် (၂၈) ဦးမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တတိယနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် (၄) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတွင် (၂၄) ဦး အလုပ်သင်ဆင်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးတက္ကသိုလ်များမှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ သင်တန်းကထိကများ တက်ရောက် ခဲ့ကြသည်။
Newspaper - 3363 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
