ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / May 31, 2025

နေပြည်တော် မေ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ ဝန်ထမ်းမိသားစုများ၏သားသမီး ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဝန်ထမ်းမိသားစု ကျောင်းသားလူငယ်များအတွက် ထောက်ပံ့မှုများနှင့် ဂုဏ်ပြုချီးမြှင့်မှုများ၊ ပညာ၏အရေးပါပုံများ၊ ကျောင်းသားလူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ပေးမှုများ၊ ပညာရေးလမ်းခရီးတွင် ကျောင်းသားမိဘများ၏ အထောက်အပံ့အရေးပါပုံများ၊ ပညာသင်ထောက်ပံ့ခြင်းများကို အစဉ်အလာကောင်းတစ်ရပ်အနေဖြင့် လက်ဆင့်ကမ်းနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပညာသင်ထောက်ပံ့ငွေများပေးအပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများမှ တာဝန်ရှိသူများက လက်ခံရယူကြကာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကိုယ်စား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို နှစ်စဉ်ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူ ၄၈၈ ဦးအတွက် ငွေကျပ် ၄၈ သိန်းကျော်၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းသားကျောင်းသူ ၆၀၉ ဦးအတွက် ငွေကျပ် သိန်း ၆၀ ကျော်၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူ ၆၁၁ ဦးအတွက် ငွေကျပ် ၆၁ သိန်းကျော်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၌ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းအဆင့် တက်ရောက်ပညာသင်ကြား မည့် ကျောင်းသား ကျောင်းသူ ၅၆၂ ဦး၊ တက္ကသိုလ်အဆင့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၅၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၁၆ ဦး တို့ကို ငွေကျပ် ၆၁ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
