ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီများအား တွေ့ဆုံ


Ministry of Information/ Naypyitaw / June 03, 2026
image_latest


နေပြည်တော် ဇွန် ၂

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံအစည်းအဝေးခန်းမ၌ အမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်တွင် မိမိတို့ လွှတ်တော်များသည် ဥပဒေပြုရေးတာဝန်သာမက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို ဥပဒေအရ အပြန်အလှန်ထိန်းကျောင်းဆောင်ရွက်ခွင့် အပ်နှင်းခံရသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ လွှတ်တော်ကော်မတီများသည် ယင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သည့် နေရာတွင် အရေးကြီးသည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း။

အမြဲတမ်းကော်မတီများသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ဖိတ်ကြားကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်း၊ လိုအပ်သည့် အထောက်အထားတင်ပြစေခြင်း စသည့်ဆောင်ရွက်ခွင့်ရှိသော အရေးကြီးသည့် လွှတ်တော်ကော်မတီများဖြစ်ပြီး လွှတ်တော်၏ အဓိကကျသည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း။

အမြဲတမ်းကော်မတီ (၄) ရပ်အနေဖြင့် မတူညီသော လုပ်ငန်းတာဝန်များရှိပြီး (၁) ဥပဒေကြမ်းများ စိစစ်ဆွေးနွေးခြင်း၊ (၂) ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာကိစ္စရပ်များ စိစစ်ခြင်း၊ (၃) လွှတ်တော်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ (၄) ပြည်ထောင်စုအစိုးရ၏ အာမခံချက်၊ ကတိကဝတ်များ စိစစ်ခြင်းဆိုင်ရာများ စသည့်လွှတ်တော်၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဓိကအကျဆုံး အရေးကြီးသည့် ကော်မတီများ ဖြစ်ပါကြောင်း။

လွှတ်တော်အမြဲတမ်းကော်မတီများဖြစ်ကြသည့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများသည် အစိုးရနှင့် အပြန်အလှန်ထိန်းကျောင်းပြီး ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံတော်ယန္တရားအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးနှင့် ပြည်သူ့အကျိုးစီးပွားဖော်ဆောင်ရေးအတွက် အရေးကြီးသော ကဏ္ဍဖြစ်ပါကြောင်း။

အမြဲတမ်းကော်မတီများသည် ဥပဒေပြုရေး၊ ဘဏ္ဍာငွေကြီးကြပ်ရေး၊ ကိုယ်စားလှယ်ကျင့်ဝတ်နှင့်အညီ ပြုမူနေထိုင်ရေးတို့အတွက် အဓိကအခန်းကဏ္ဍကပါဝင်လျက်ရှိပါကြောင်း၊ ကော်မတီတစ်ခုစီ၏ ဆောင်ရွက်ချက်များ၊ ပြည်သူများ၏ လိုလားတောင့်တ ချက်များကို လွှတ်တော်က ဖော် ဆောင်မှုနှင့်အတူ ပြည်သူအတွက် ဆောင်ရွက်ချက်များအဖြစ် ထင်ဟပ်စေပြီးအစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကိုလည်း ပေါ်လွင်ထင်ရှားစေပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကော်မတီများ၏ လုပ်ငန်းများကို အစဉ်တိုက်တွန်းအားပေးပြီး  အကြံပြုချက်များကို အလေးထားဆောင်ရွက်ရန်၊ ကော်မတီများအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်အသုံးပြုပြီး ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

လွှတ်တော် လုပ်ငန်းစဉ်တွင် ကော်မတီများအနေဖြင့် မိမိတို့လွှတ်တော်တစ်ရပ်တည်း မဟုတ်ဘဲ တစ်ဖက်လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အပိုင်းများလည်းရှိလာနိုင်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်သည် မိမိတို့၏ စုပေါင်းတိုင်ပင်ဆုံးဖြတ်ချက်များနှင့် တာဝန်ယူမှုအပေါ် တည်ရှိသည့်အတွက် ကော်မတီများ၏ အောင်မြင်မှုသည် လွှတ်တော်တစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ ယုံကြည်မှုကို မြှင့်တင်ပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တာဝန်ကျေဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူကောင်းကျိုးအတွက် စေတနာထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် လွှတ်တော်အခွင့်အရေးကော်မတီ၊  ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့က သက်ဆိုင်ရာကော်မတီအလိုက် ဖွဲ့စည်းထားရှိမှု၊ ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်

Newspaper - 3545 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download