ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / October 11, 2024

နေပြည်တော် အောက်တိုဘာ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ်၌ ဖွင့်လှစ်ထားသော MHTi ဟိုတယ်နှင့် ခရီးသွားလာရေးသင်တန်းကျောင်း (MHTi- M Hospitality & Tourism Institute) သို့လည်းကောင်း၊ ဗဟန်းမြို့နယ်၌ Yangon Global Enterprise က ဖွင့်လှစ်ထားသော YGE Training Center သို့လည်းကောင်း သွားရောက်၍ သင်တန်းကျောင်းအတွင်း သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ စနစ်တကျ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နိုင်ငံတကာသုံး ဘာသာစကား သင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ သင်တန်းကျောင်းများမှ ထွက်ရှိသော ထုတ်ကုန်များအား ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးကိစ္စရပ်များကို မှာကြားသည်။
ထို့နောက် ဗဟန်းမြို့နယ်ရှိ စင်ကာပူ - မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) သို့ ရောက်ရှိပြီး သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ဆိုင်ရာ သက်မွေးသင်တန်းများ၊ သင်တန်းသားများအတွက် စာသင်ဆောင်နှင့် စာသင်ခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို မေးမြန်းကာ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3202 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။
