ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ တက်ရောက်
Ministry of Information/ Naypyitaw / March 27, 2025
ရန်ကုန် မတ် ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md.Monwar Hossain နှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
အထိမ်းအမှတ်ကိတ်မုန့်လှီးဖြတ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ သံအမတ်ကြီးနှင့်ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
တက်ရောက်
အဆိုပါဧည့်ခံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်ဇနီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းနှင့်ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဇနီး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3420 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
