ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ငလျင်ဒဏ်သင့် အဆောက်အအုံများနှင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ငလျင်ဒဏ်သင့် အဆောက်အအုံများနှင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 21, 2025

နေပြည်တော် ဧပြီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၀၁)၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၄၈၊ ၇၄၉)၊ တိုက်အမှတ် (၃၃၁၁၄)၊ (၃၃၁၀၂)၊ ဘူးကွဲဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၄၁၀၇)၊ (၅၃၉၀)၊ (၄၃၂၂) နှင့် (၄၃၂၃) သို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစီးဌာနများမှ အင်ဂျင်နီယာများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနအင်ဂျင်နီယာများအနေဖြင့် ငလျင်ဒဏ်ထိခိုက်မှုအခြေအနေများအား တိကျသေချာစွာ ထပ်မံစစ်ဆေးပြီး သက်ဆိုင်ရာကော်မတီများသို့ အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေနံ့သာရပ်ကွက်သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချကာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
