ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 28, 2025
image_latest


နေပြည်တော် ဧပြီ ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၊ အစိုးရစက်မှု လက်မှုသိပ္ပံ(တောင်ကြီး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ကြီး)များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဖြည့်ဆည်းဆောင်ရွက်

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်ကာ ပင်မဆောင်ထိခိုက် ပျက်စီးမှုအခြေအနေနှင့် ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် စာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် လက်တွေ့ခန်းများ အဆင်သင့်ဖြစ်စေနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံညှိနှိုင်းဆွေးနွေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)ရှိ စာသင်ဆောင်များ၊ အလုပ်ရုံများတွင် သင်ကြားသင်ယူမှုများနှင့် စာတွေ့လက်တွေ့ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး နောင်လာမည့်စာသင်နှစ်များတွင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းခွင်အခြေပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အစည်းများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ် (တောင်ကြီး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)တို့ရှိ အဆောက်အအုံများ၊ ပင်မဆောင်၊ စာသင်ဆောင်များ၊ ကွန်ပျူတာခန်း၊ အလုပ်ရုံများ၊ ဘောလုံးကွင်း၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သော ပြုပြင်မှုများဆောင်ရွက်ရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် အရည်အသွေးနှင့် နည်းစနစ်ကောင်းမွန်မှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

လှည့်လည်စစ်ဆေး

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ နည်းပညာတက္ကသိုလ်(ရမည်းသင်း)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)သို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် သင်ကြားသင်ယူမှုများ အဆင်သင့်ဖြစ်စေနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3460 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download