ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်စောက်မြို့နှင့် ပင်းတယမြို့ ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 30, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နှင့် ပင်းတယမြို့ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်စေရေးအတွက် ယခုနှစ်မိုးရာသီတွင် စိုက်ခင်း ဧက ၁၀၀၀ တည်ထောင်ရန် စိုက်ခင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျက် ရပ်စောက်မြို့နယ်၊ မြို့မသစ်တောပျိုးဥယျာဉ်သို့သွားရောက်၍ စိုက်ခင်းတည်ထောင် ခြင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများအတွက် သစ်မျိုး ၁၄ မျိုးဖြင့် ပျိုးပင် ၁၅၆,၀၀၀ ကျော် ပျိုးထောင် ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့၊  ဗထူးရှိ ယာယီပျိုးဥယျာဉ်သို့ သွားရောက်၍ ရပ်စောက်မြို့ ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၈၉၀ ဧက တည်ထောင်ရန် သစ်မျိုး ၁၃ မျိုးဖြင့် ၂ ပေ အထက် ပျိုးပင်ပေါင်း ၁၁၈,၀၀၀ ကျော် ရောက်ရှိထားမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စိုက်ခင်းတည်ထောင်ရန် မြေကျင်းတူး၊ မြေဩဇာထည့် ကျင်းဖို့ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီး မိုးရာသီတွင် သစ်ပင်စတင်စိုက်ပျိုးနိုင်ရန် အသင့်အနေအထားဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား စိုက်ကွက်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စိုက်ကွက်များအတွင်း သစ်မျိုးအလိုက် စိုက်ပျိုးမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက မိုးဦးရာသီ မြေအစိုဓာတ် ကောင်းစွာရရှိပါက ပျိုးပင် များမြေချစိုက်ပျိုးခြင်းအား တစ်ပြိုင်တည်း ဆောင်ရွက်သွားရန်နှင့် ဆက်လက်ရှင်သန်ကြီးထွား အောင်ဂရုစိုက်ထိန်းသိမ်း ဆောင်ရှောက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ မွေတော် သစ်ဆိပ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက သစ်ဆိပ်သို့ သစ်လုံးများရောက်ရှိပြီးစီးမှုနှင့် ဆောင်ရွက် ဆဲအခြေအနေများ၊ သစ်စက်များသို့ သစ်လုံးများတင်ပို့ပြီးစီးမှုနှင့် ဆက်လက်တင်ပို့မည့် အခြေအနေ များ၊ သစ်စက်များမှ သစ်ခွဲသားများအား ငလျင်ဒဏ်သင့် အင်းလေးဒေသ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် ပေးပို့ထားမှုနှင့် ဆက်လက်ပေးပို့မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်ဆိပ်သို့ တောထုတ်ကားတိုက်လုပ်ငန်းများ မိုးမကျမီ အချိန်မီ ပြီးစီးရေးအတွက် အင်အားအပြည့်ဖြင့် ဆောင်ရွက်သွားရန်မှာကြားသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် သစ်စက်များသို့ သွားရောက်၍ သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်နေမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များမှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေးအတွက် ကုံလုံကျောင်းအနီးရှိ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း ၈၅.၅ ဧက အားလည်းကောင်း၊ ကျောက်စုကျေးရွာအနီးရှိ အထူးစိမ်းလန်းရေးစိုပြည်ရေး စိုက်ခင်း ၈ ဧက အားလည်းကောင်း၊ သစ်အယ်ပင်ကျေးရွာအနီးရှိ အထူးစိမ်းလန်းစိုပြည်ရေး ၆.၅ ဧက အားလည်းကောင်း သွားရောက်၍ စတင်စိုက်ပျိုးနိုင်ရန် အသင့်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့နယ်၊ ဝါးတရာကျေးရွာအနီး ကျောက်တောင်မြေ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၁၀ ဧက တည်ထောင်ရန် ကျင်းတူး၊ မြေဖို့ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပင်းတယမြို့ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေးအတွက် စိုက်ခင်းတည်ထောင်ရာတွင် မြေနေရာရရှိရေး၊ ဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးနှင့် ‌ရေရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။

Newspaper - 3370 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download