ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအီလက်ထရောနစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအီလက်ထရောနစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / May 11, 2025

ရန်ကုန် မေ ၁၀
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကော်မတီများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီအနေဖြင့် အတိုင်ပင်ခံအကြံပေးများခေါ်ယူ၍ အလုပ် ရုံဆွေးနွေးပွဲများပြုလုပ်ရာ မဟာဗျူဟာအစီအစဉ် (Strategic Plan) နှင့် လုပ်ငန်းစဉ်များ (Tactical Plan)ပေါ်ထွက်လာစေရန်အတွက် ကော်မတီတစ်ခု ချင်းအလိုက် မဟာဗျူဟာများရေးဆွဲခြင်း၊ ဦးတည်အုပ်စုသတ်မှတ်ခြင်း၊ ကာလတိုကာလရှည် မျှော်မှန်းရလဒ်များ၊ စိန်ခေါ်မှုများ၊ အထောက်အပံ့များ စသည့်အချက်များကိုဆွေးနွေးကြပြီး စောင့်ကြည့်သုံးသပ်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် လူငယ်ကဏ္ဍ (၁၆) ရပ်၏ အကောင်အထည် ဖော်မှုများကို များစွာအထောက်အပံ့ပေးသွားနိုင် မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အမှုဆောင်များနှင့်တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးကပ်လာပြီဖြစ်သည့်အတွက် အဖွဲ့ချုပ်မှ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိန်ခေါ်မှုအကန့်အသတ်များထဲမှ ကြိုးစားဆောင်ရွက်ပေးနေသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပပြိုင်ပွဲများကျင်းပပေးပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိအောင် အဖွဲ့ချုပ်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ (၃၃) ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေးအတွက် ဆွေးနွေးခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဒဏ်ခံရသောဝန်ထမ်းများအတွက် လှူဒါန်းငွေကျပ် ၂၅ သိန်းကို မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3160 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။
