ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ သတ်မှတ်ချိန်အမီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ သတ်မှတ်ချိန်အမီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 31, 2025

နေပြည်တော် မေ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံဖြစ်ကြောင်း၊ ပညာတတ်များ ပေါများမှသာ နိုင်ငံ့အနာဂတ်စိတ်ချရမည်ဖြစ်၍ ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းသို့ရောက်ရှိရေး၊ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးနှင့် ပညာရေးအရည်အသွေးတိုးတက်မြင့်မား လာစေရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဗလာစာအုပ် နှင့်ပုံနှိပ်များကို ပေးအပ်ကြသည်။
ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) စာမေးပွဲဖြေဆိုကြမည့် ဆရာ ဆရာမများနှင့် သီးခြားစီတွေ့ဆုံ အားပေးစကားပြောကြားပြီး ဇွန် ၂ ရက်တွင် ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့ (ဘယ်လင်း) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်ဆည်မြို့ (ဟန်မြင့်မိုရ်) အခြေခံပညာ အထက်တန်းကျောင်းနှင့် မိတ္ထီလာမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းဆောင်များ၊ စာသင်ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်တန်းတက်ရောက်နေသည့် သင်တန်းသား ဆရာ ဆရာမများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာပြည့်ဝနှလုံးလှသည့် ဆရာ ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် သင်တန်းကာလအတွင်း မိမိ၏အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံးကြိုးစား သင်ယူကြမည်ဟု ယုံကြည်ပါကြောင်းပြောကြားကာ ကျောင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
