ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ(အင်ရောင်း) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော် ဩဂုတ် ၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရေးဌာနရှိ အဆောက်အအုံနှင့်စက်ပစ္စည်းကိရိယာများပျက်စီးခဲ့၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သွေးကြောသွင်းဆေးရည်များ ပြန်လည်ထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

စီမံဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ ဌာနတာဝန်ခံများနှင့်တွေ့ဆုံ၍ ဆေးဝါးထုတ်လုပ်သည့် အဆောက်အအုံဖြစ်သည့်အတွက် ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငလျင်ဇုန်အတွင်းရှိ စက်ရုံများ၌ စက်ပစ္စည်းကိရိယာများ တပ်ဆင်မည်ဆိုပါက FEMA Guidelines နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆေးဝါးစက်ရုံများ အသစ်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်လျှင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို သတ်မှတ်ရေးဆွဲထားရမည်ဖြစ်ကြောင်း၊ ဆေးဝါးအမည်သစ်များ၊ အခြေခံဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရမည့်အပြင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း စသည့် နည်းလမ်းများဖြင့်ပါ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

စဉ်ဆက်မပြတ် ဆောင်ရွက်

ထုတ်ကုန်ပစ္စည်းများ အရည်အသွေးတိုးတက်ကောင်းမွန်ရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စက်ပစ္စည်းများ သက်တမ်းပြည့်နှင့် စွမ်းအားပြည့်အသုံးပြုနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အမြဲမပြတ်ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို လျော့နည်းအောင် ပြုပြင်ဆောင်ရွက်ရန်နှင့် အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်ရမည့်လျာထားချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3465 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download