ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (A)နှင့် ရေကူးကန်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော် ဩဂုတ် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/ အမျိုးသမီးအားကစားသမားများနှင့် အမျိုးသမီးကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ အဖွဲ့လိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားသမားများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ Max Myanmar Construction Co., Ltd. မှ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ လေ့ကျင့်ရေးရေကူးကန် ကြမ်းခင်းကျွံကျနေမှု၊ ရေသန့်စင်ရန်အတွက် ကလိုရင်း(Chlorine)ကန်နှင့် ရေပိုက်လိုင်းများ ပြုပြင်သန့်စင်နေမှုနှင့် အုတ်နံရံအတွင်း/အပြင် ပြိုကျနေမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ ရေကူးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်အတွက် ရေကူးကန်ပြုပြင်မှုကို ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဦးစားပေးဆောင်ရွက်ရန်နှင့် အဆောက်အအုံများကို သဘာဝဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့် သတ်မှတ် စံချိန်/ စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီပြီး အမြန်ဆုံးတည်ဆောက်ပြီးစီးစေရေးတို့အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ၏ရုံးဝင်းအတွင်းဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အိပ်ခန်းတစ်ခန်းပါ Container House များနှင့် ယာယီနေထိုင်သည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ယင်းနောက် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နေသည့်နေရာများသို့ သွားရောက်တွေ့ဆုံပြီး လျှပ်စစ်မီးများ စနစ်တကျသုံးစွဲကြရန်၊ အိပ်ဆောင်ဘေးပတ်ဝန်းကျင်များကို အပတ်စဉ်သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ အမှိုက်များသတ်မှတ်နေရာတွင်သာ စွန့်ပစ်ကြရန်၊ အိပ်ဆောင်များတွင် အဆောင်တာဝန်ခံများထားပြီး စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးတို့ကို ကြီးကြပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3466 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download