ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ တက်ရောက်


Ministry of Information/ Naypyitaw / September 12, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲကျင်းပရေးကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှမန်မြို့၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The  25th  China  International  Fair  for Investment and Trade-CIFIT) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူကျင့်ပြည်နယ်ခေါင်းဆောင်များနှင့် ဂျီးမေးလ်ခရိုင်မှူးတို့က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

စက်တင်ဘာ ၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲဖွင့်ပွဲသို့ တက်ရောက်သည်။

ထို့နောက် (၅)ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားသို့ တရုတ်၊ လာအို၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် RCEP တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် အကျိုးသက်ရောက်မှုများ၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based industry) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစီအမံများ၊ ဒေသတွင်း စီးပွားရေးအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ RCEP အဖွဲ့ဝင် နိုင်ငံများ၏ ဖွံ့ဖြိုးမှုအဆင့်အတန်းကွာဟသည့်အတွက် အကျိုးကျေးဇူးများ မျှတမှုရှိစေရန် ဆောင်ရွက်နိုင်မှုနည်းလမ်းများနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

စက်တင်ဘာ ၉ ရက်တွင် ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတကာမှ လာရောက်ပြသထားသော ပြခန်းများရှိ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ၊ နည်းပညာသစ်များနှင့် စီးပွားရေးကဏ္ဍအမျိုးမျိုးကို သွားရောက်လေ့လာခဲ့ကြသည့်အပြင် ခရီးစဉ်အတွင်း ရှမန်မြို့ရှိ ICT နည်းပညာဆိုင်ရာ Software Park သို့ သွားရောက်လေ့လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3512 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download