ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘရာဇီးနိုင်ငံ၊ ဘဲလ်လမ်မြို့ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) ဖွင့်ပွဲအခမ်းအနားနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / November 07, 2025


ဘရာဇီးနိုင်ငံ၊ သမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘရာဇီးနိုင်ငံ၊ ဘဲလ်လမ်မြို့၌ နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) သို့ တက်ရောက် လျက်ရှိသည်။    

နိုဝင်ဘာလ ၆ ရက်နေ့ ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်က ပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းရေးနှင့် အပူချိန် ၁.၅ ဒီကရီဆဲလ်စီးရပ် လျှော့ချရေး ဆက်လက် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှုများ ရပ်တန့်စေရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ်အရောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာ ရန်ပုံငွေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံ ရရှိရေးနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ ရရှိရေး ဦးဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍနှင့် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးအောင် အကောင်အထည်ဖေါ်ရမည့် အချိန် ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

ဘရာဇီးနိုင်ငံ သမ္မတ မစ္စတာ လူးဝစ်အင်နာစီယို လူလာဒါ ဆေးလ်ဗား က ပြောကြားရာတွင် စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ခြင်းနှင့် သဘာဝကို ကာကွယ်ခြင်းသည် ကမ္ဘာကြီး ပူနွေးလာမှုကိုထိန်းချုပ်ရန် အထိရောက်ဆုံး နည်းလမ်းနှစ်ခုဖြစ်ကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှု များရှိနေသော်လည်း သစ်တောပြုန်းတီးမှုကို ရပ်တန့်ရန် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုကို ကျော်လွှားရန်နှင့် အဆိုပါရည်မှန်းချက်များအတွက် လိုအပ်သောအရင်းအမြစ်များကို စုစည်းရန် တရားမျှတပြီး စနစ်တကျ ရေးဆွဲထားသော လမ်းပြမြေပုံများ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စုံညီအစည်းအဝေးအား ဆက်လက်ကျင်းပပြီး နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ အသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများက မိန့်ခွန်း ပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် “ရာသီဥတုနှင့် သဘာဝ၊ သစ်တောများနှင့်သမုဒ္ဒရာများ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဘရာဇီးနိုင်ငံ သမ္မတက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်  နိုင်ငံ့ခေါင်းဆောင်များကပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည််ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆွေးနွေးရာတွင် သစ်တောများနှင့် သမုဒ္ဒရာများ၏ ဂေဟစနစ်များ ရေရှည်တည်တံ့ စေခြင်းသည် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်မှုရှိစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ပင်လယ်ပြင်အခြေပြု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာကအသိအမှတ်ပြုထားသည့် ဇီဝမျိုးစုံမျိုးကွဲ များစုံလင်သည့် အချက်အချာကျသည့် ဒေသတစ်ခုဖြစ်ပြီး နိုင်ငံဧရိယာ၏ ၄၂.၁၉ % သည် သစ်တော ဖုံးလွှမ်းလျက်ရှိပါကြောင်း၊ နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကို သစ်တောဖုံးလွှမ်းမှု တိုးမြှင့်လာစေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း သစ်တောကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မူဝါဒများချမှတ်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါရီ သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” တွင် သစ်တောကဏ္ဍသည် အဓိက မဟာဗျူဟာ ကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းအား ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းအား သဘာဝထိန်းသိမ်းရေနယ်မြေများ အဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်း နှင့် အဏ္ဏဝါပင်လယ်ပြင်ဆိုင်ရာ ကတိကဝတ်များအနေဖြင့် ဒီရေတောဧရိယာဟတ်တာ ၅ သိန်းကျော် ကို ထိန်းသိမ်းကာကွယ်ထားလျက် ရှိပါကြောင်းနှင့် ရေရှည်တည်တံ့သော "အပြာရောင် စီးပွားရေး" (Blue Economy) ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး  ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်ဖြင့် ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပူပိုင်းသစ်တောများ ထာဝရရန်ပုံငွေ “Tropical Forests Forever Facility- TFFF”  ကြေငြာချက်အား လက်မှတ်ရေးထိုးနိုင်ရေး အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့မြေအား ထိန်းသိမ်း ကာကွယ်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘရာဇီးနိုင်ငံ၊ သမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ဘရာဇီးနိုင်ငံ၊ အစိုးရက ကမကထပြုတည်ထောင်သော အပူပိုင်းသစ်တောများ ထာဝရ ရန်ပုံငွေဆိုင်ရာကြေငြာချက် “TFFF” တွင် ယခင်က လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံရှိရာမှ ယခုအခါ ၅၃ နိုင်ငံက လက်မှတ်ရေးထိုးရန် သဘောတူညီမှု ရရှိပြီးဖြစ်သည်။ ဘဲလ်လမ်ရာသီတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးအကဲများ စုစုပေါင်း (၂,၀၀၀) ကျော် တက်ရောက်လျက်ရှိကြသည်။

Newspaper - 3379 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download