ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၂၀၂၅ ကိုရီးယား-အာဆီယံ မူဝါဒဖလှယ်ရေး အသိုက်အဝန်း၊ နိုင်ငံတကာအစိုးရ မူဝါဒဆိုင်ရာဆွေးနွေးပွဲတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၂၀၂၅ ကိုရီးယား-အာဆီယံ မူဝါဒဖလှယ်ရေး အသိုက်အဝန်း၊ နိုင်ငံတကာအစိုးရ မူဝါဒဆိုင်ရာဆွေးနွေးပွဲတက်ရောက်
Ministry of Information/ Naypyitaw / November 16, 2025
နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Shangri-La Hotel ၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ၂၀၂၅ ကိုရီးယား-အာဆီယံမူဝါဒဖလှယ်ရေးအသိုက်အဝန်း၊ နိုင်ငံတကာအစိုးရမူဝါဒဆိုင်ရာဆွေးနွေးပွဲသို့ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်၍ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဉ်တွင် Keynote Speaker အဖြစ် Korea-ASEAN Strategic Alliance Toward ASEAN Vision 2025 ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မိတ်ဖက်ဆက်ဆံရေးသည် အလွန်အရေးပါပြီး ဆယ်စုနှစ်များစွာတိုင်အောင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ခြင်း၊ ရေတိုစီမံကိန်းများမှတစ်ဆင့် ရေရှည်မျှော်မှန်းချက်များ ချမှတ်နိုင်သည့် ဆက်ဆံရေးကို ပြောင်းလဲဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော နယ်ပယ်လေးခုဖြစ်သည့် စားရေရိက္ခာဖူလုံရေး၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူကုန်ကူးမှု၊ တရားမဝင်မူးယစ်ဆေးဝါး၊ ဆိုက်ဘာရာဇဝတ်မှုနှင့် တရားမဝင်ကုန်သွယ်မှုကဲ့သို့သော နိုင်ငံတကာရာဇဝတ်မှုများ တိုက်ဖျက်ရေး တို့ကို အထူးအာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့ပြင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍများဖြစ်သည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့်နည်းလမ်းများကိုလည်း ထည့်သွင်းဆွေးနွေးအကြံပြုပြောကြားသည်။
၂၀၂၅ ကိုရီးယား-အာဆီယံ မူဝါဒဖလှယ်ရေးအသိုက်အဝန်း၊ နိုင်ငံတကာအစိုးရမူဝါဒဆိုင်ရာ ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ သံအမတ်ကြီးများအပြင် ကိုရီးယားသမ္မတနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့မှ မူဝါဒချမှတ်သူများ၊ နိုင်ငံတကာသုတေသီများနှင့် ပညာရှင်များအပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3351 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
