ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ကျန်းနှင့် ပေကျင်းမြို့များသို့ အလုပ်သဘောလေ့လာရေးခရီး သွားရောက်၊ မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ တရားဝင် ဝင်ထွက်မှု အဆင်ပြေစေရေး လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောလေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ကျန်းမြို့၌လည်းကောင်း၊ နိုဝင်ဘာ ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် ပေကျင်းမြို့၌လည်းကောင်း အလုပ်သဘောလေ့လာရေးခရီးစဉ်သွားရောက်ပြီး နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. WANG Zhizhong နှင့် အဖွဲ့ကို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနချုပ် အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ လူဝင်မှုစစ်ဆေးရေးစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်များမှ တရားဝင် ဝင်/ထွက်သွားလာမှုရှိစေရေးနှင့် တရားမဝင် ဝင်/ထွက်မှု မရှိစေရေးတို့အတွက် အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် အပြန်အလှန် ဝင်ထွက်သွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပြန်အလှန် ယုံကြည်နားလည်မှုဖြင့် လက်တွေ့ကျသော ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အပြန်အလှန်လဲလှယ်

ထို့နောက် တရုတ်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့် ပတ်သက်၍ မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံဘက်မှ ဒုတိယဝန်ကြီး Mr. WANG Zhizhong တို့ရှေ့မှောက်၌ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနချုပ် (NIA)မှ ဒုတိယဌာနချုပ်မှူး Mr. LIU Haitao တို့သည် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးက ပေကျင်းဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ သည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေကျင်းမြို့တော်မှ ကွမ်ကျိုးမြို့သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3354 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download