ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်းများသို့ လှည့်လည်ကြည့်ရှု


Ministry of Information/ Naypyitaw / December 14, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသည့် ခဝဲခြံမျက်မမြင်ကျောင်း၌ မျက်မမြင်ကလေးများ စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေမှု၊ လက်မှုပညာသင်ကြားနေမှု၊ မျက်မမြင်စာကြည့်တိုက်နှင့် မုန့်ဖုတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စုပေါင်းခန်းမ၌ ကျင်းပသည့်တွေ့ဆုံပွဲသို့ တက်ရောက်ရာ မျက်မမြင်ကလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ အတားအဆီးကင်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် မှီခိုမှုကင်းသော ဘဝရပ်တည်နေထိုင်နိုင်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသော်လည်း စွမ်းဆောင်နိုင်သူများဖြစ်သည့်အလျောက် စွမ်းဆောင်ရည်ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းကျောင်းများအတွက် တည်ထောင်ခွင့်ပြုမိန့်နှင့် ဆန်၊ စားစရိတ်၊ အဝတ်အစားစရိတ်နှင့် ဂေဟာမှူးလစာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ဒဂုံမြို့နယ်ရှိ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများ ကျောင်းသို့ရောက်ရှိ ရာ ကျောင်းကြီးကြပ်ရေးအဖွဲ့ တာဝန်ခံက ကျောင်းတွင် အကြားအာရုံမသန်စွမ်းသော အသက်ငါးနှစ်နှင့်အထက် ကလေးများကို လက်ခံ၍ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေရီချက် (ပ်)မင်း နားမကြားသောကလေးများကျောင်း၏ ပြတိုက်၊ နားမကြားသောကလေးများအား Sign Language ဖြင့် စာပေသင်ကြားနေမှုများ၊ အသက်မွေးဝမ်းကျောင်း သင်ကြားနေမှုများနှင့် Audio Class၊ ဂျပန်အကြောပြင် အနှိပ် ခန်း၊ စာသင်ဆောင်နှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုပြီး မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် မိမိတို့ဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ၃၁ ဒသမ ၈၁၈ သန်း ထောက်ပံ့ပေးထားကြောင်း၊ နားမကြားသူများ လူမှုအသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရေး၊ အခက်အခဲ အတားအဆီးများ ဖယ်ရှားပေးနိုင်ရေး၊ အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးတို့ လေ့ကျင့်ပေးစေလိုကြောင်း မှာကြားကာ ကျောင်းအတွက် အလှူငွေများ ပေးအပ်သည်။

လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်း၌ မျက်မမြင်ကျောင်းသား ကျောင်းသူ ၁၁၅ ဦး၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း၌ နားမကြားသော ကျောင်းသား ကျောင်းသူ ၂၅၀ လက်ခံစောင့်ရှောက်၍ စာပေနှင့် အသက်မွေးပညာများ သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3460 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download