ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတက်ရောက်


Ministry of Information/ Naypyitaw / December 17, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၅/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Conferencing ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ကို ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ဒီဇင်ဘာ ၂၆ ရက်ည ၁၂ နာရီအချိန်မှစ၍လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မြို့နယ်များအတွက် ဒီဇင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်ဆောင်ရွက်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်ည ၁၂ နာရီ အချိန်မှစ၍လည်းကောင်း ရွေးကောက်ပွဲကျင်းပပြီးသည့် အချိန်ထိ ရပ်နားထားရမည်ဖြစ်ကြောင်း၊ အပိုင်း (၃)အတွက် ဆက်လက်ကြေညာမည်ဖြစ်ကြောင်း။

 ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို အပိုင်းလိုက် မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများဖြုတ်သိမ်းခြင်းမရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ/ မြို့နယ် စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအား ဖြုတ်သိမ်းသွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်မည့်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက တိကျစွာလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်တစ်ရပ်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဆိုသည်နှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုဝင်ဘာ ၂၆ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်း စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၇၂၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၂၃၆၁ ဦးအားကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲဆိုခံထားရသူ ၅၅၈၀ တို့အား ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း။

ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်းလိုက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့်လုံခြုံရေး စီမံချက်၊ ဆက်စပ်ဆောင်ရွက်ရမည့် အခြားလုံခြုံရေးစီမံချက်ရှစ်မျိုးနှင့် အခြားအခြေအနေများအတွက် ရေးဆွဲထားသည့် သီးခြားစီမံချက် ၁၁ မျိုးတို့ကို ရေးဆွဲထားပြီးဖြစ်၍ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် လာရောက်လေ့လာကြမည့် ပြည်တွင်းပြည်ပ လေ့လာရေးအဖွဲ့များ၊ မီဒီယာများနှင့် ပတ်သက်၍လည်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သေချာစွာစီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၁၄၀ တွင် တရားခံအမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦးစုစုပေါင်း ၂၂၉ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားရန် လိုအပ်ကြောင်း။

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး‌လုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော တိုးတက်မှုများကိုအခြေခံကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် မိမိနယ်မြေအခြေအနေနှင့်ကိုက်ညီသည့် လျာထားအစီအမံများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3470 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download