ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မြစ်ကြီးနားမြို့ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်ကျောင်းအုပ်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မြစ်ကြီးနားမြို့ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်ကျောင်းအုပ်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ
Ministry of Information/ Naypyitaw / January 10, 2026
နေပြည်တော် ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍသည် အဓိကအရေးကြီးကြောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များသို့ တက်လှမ်းနိုင်ရန်အတွက် အခြေခံကျသည့် မူလတန်းပြ ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် များစွာအရေးပါပါကြောင်း၊ တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးအတွက် မူလတန်းပညာရေးသည် အခြေခံကျပါကြောင်း၊ မူလတန်းပြဆရာဆရာမများအနေဖြင့် အရေးကြီးပြီး မိမိတို့၏ ကျောင်းသားကျောင်းသူများကို သင်ကြားပေးရာတွင် တာဝန်ရှိသကဲ့သို့ ပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ မူလတန်းပြဆရာဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး(ECCD) သင်တန်းများ ပို့ချပေးရန်နှင့် အင်္ဂလိပ်စာစွမ်းရည်မြင့်မားရေး သင်တန်းများပို့ချ ပေးရန်တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အခြေခံပညာအလယ်တန်းအဆင့် အတန်းများရှိ ကျောင်းသား ကျောင်းသူများအတွက်လာမည့် ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သည့် Grade-9 ပညာသင်ယူပြီးမြောက်စေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်း၍ တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ စာကြည့်တိုက်အခြေပြုသင်ကြားရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း၊ ဆရာဆရာမများသည် ကျောင်းသား ကျောင်းသူများအတွက် စံနမူနာပြများဖြစ်သည့်အတွက် စည်းကမ်းလိုက်နာရန်နှင့် ဝတ်စားဆင်ယင်ရာတွင် ယဉ်ကျေးမှုနှင့် လိုက်လျောညီစွာ ဝတ်စားဆင်ယင်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ ပညာရေးဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိ ဆန္ဒမဲပေးကြရန်ပြောကြားလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်စေရန် အားကစားနှင့် လေ့ကျင့်ခန်းများကို လည်း အလေးအနက်ထားဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာဆရာမများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်ဌာနမှူးများက သင်ကြားရေးဆိုင်ရာ အချက်အလက်များ၊ သင်ကြားသင်ယူမှုများ ဆောင်ရွက်နေမှုနှင့် စီမံခန့်ခွဲမှုကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်ကျောင်းဆင်း များအနေဖြင့် မူလတန်းပြ၊ အလယ်တန်းပြဆရာ ဆရာမများအဖြစ် စတင်တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဘွဲ့လွန်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန် အချို့ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်သင် တက္ကသိုလ်များအဖြစ် အဆင့်မြှင့် တင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ဘွဲ့လွန်ပညာရပ်များကို ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်အနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာတွင်သာမက အနုပညာဘာသာရပ်နှင့် အားကစားများတွင်ပါ ဘက်စုံထူးချွန်ကြသည့်အတွက် ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်သူများအဖြစ် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3407 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
