ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းရှိ သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းရှိ သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 16, 2026
ရန်ကုန် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ရေကူး၊ ကရာတေး၊ လှေလှော်၊ လက်ဝှေ့၊ ဂျူဒို၊ ဗိုဗီနမ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ပြေးခုန်ပစ်၊ ဘောလုံးနှင့် ဝူရှူးအားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများကို တွေ့ဆုံ၍ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်း ကို ၁၉၉၇ ခုနှစ် ဩဂုတ် ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသားအားကစားသမား ၁၁၈ ဦး၊ အမျိုးသမီးအားကစားသမား ၈၇ ဦး စုစုပေါင်း ၂၀၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားနည်းများအလိုက် ကြံ့ခိုင်မှု၊ စွမ်းဆောင်နိုင်မှု၊ နည်းစနစ်၊ နည်းဗျူဟာ၊ နည်းပရိယာယ်များကို တတ်ကျွမ်းနားလည်ပြီး အရည်အချင်းရှိသည့် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်စေရေးအတွက် စနစ်တကျသင်ကြားလေ့ကျင့်မှုများနှင့် လေ့လာဆန်းစစ်မှုများ အမြဲမပြတ် ပြုလုပ်ပေးသွားစေလိုကြောင်း၊ အားကစားသမားများအနေဖြင့် ပညာရေးတွင် ထူးချွန်ထက်မြက်ပြီး အားကစားပိုင်းတွင်လည်း ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် အမြဲတမ်းကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3412 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
