ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်များနှင့် ခရီးသွားကဏ္ဍနှင့်ဟိုတယ်ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 22, 2026
image_latest


မြစ်ကြီးနား ဇန်နဝါရီ ၂၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြစ်ကြီးနားမြို့ Shwe Hee Hotel နှင့် Jade Garden Hotel သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်များ၏ ဂုဏ်အင်္ဂါအဆင့်နှင့်လျော်ညီစွာ ပြင်ဆင်တည်ဆောက်ထားရှိမှု အခြေအနေများ၊ အိပ်ခန်းဆောင်၊ စားသောက်ခန်းမများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဝန်ဆောင်မှုစနစ်များနှင့် ဟိုတယ်တစ်ခု၏ စံချိန်စံညွှန်းများ ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုမည့် ဟိုတယ်လုပ်ငန်းကဏ္ဍ၏ အရည်အသွေး ပိုမိုပြည့်မီမှုရှိစေရေး လိုအပ်ချက်များကို မှာကြားသည်။

ထို့ပြင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြုလုပ်သည့် ကရာတေးကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ကရာတေးဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသည် ပြည်နယ်အားကစားလုပ်ငန်း ဆက်လက်ရှင်သန်ထွန်းကားရေးနှင့် လူငယ်များအကြား သန့်ရှင်းမှန်ကန်သည့် အားကစားစိတ်ဓာတ် ပိုမို ပြန့်ပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ယင်းနောက် ကချင်ပြည်နယ် ဘောလုံးလက်ရွေးစင်ဟောင်း Old Star အသင်း၏ ချစ်ကြည်ရေး ခြေစမ်းဘောလုံးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဤလှုပ်ရှားမှုများသည် ၂၀၂၆ ခုနှစ်မှစတင်၍ ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားယဉ်ကျေးမှုမြှင့်တင်ရေး လမ်းကြောင်းပေါ် ပိုမိုခိုင်ခိုင်မာမာပေါ်လွင်လာစေပြီး နောင်ရှေ့လုပ်ငန်း စဉ်များအရ ကချင်ပြည်နယ်အတွင်း ထူးခြားဆန်းသစ်သော Sports Tourism Festival အားကစား ပွဲများ၊ ခရီးသွားဆွဲဆောင်မှုများ ပိုမိုတိုးမြှင့်ကျင်းပသွားနိုင်ရေးနှင့် မြန်မာ့အားကစားဦးမော့လာနိုင်ရေး၊ ခရီးသွားကဏ္ဍစွမ်းဆောင်မှု ပိုမိုကောင်းမွန်လာစေရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းအကောင် အထည်ဖော်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3418 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download