ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးပြောကြား


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / January 26, 2026


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၅-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့အနီးရှိ သတ္တုလုပ်ကွက်သို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။  ပြည်ထောင်စုဝန်ကြီးက သတ္တုတူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေသော Mine Design များရေးဆွဲဆောင်ရွက်သွားရန်၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်၊ ပတ်ဝန်းကျင်ထိခိုက်သွားသော နေရာများတွင် သစ်ပင်များအစားထိုး စိုက်ပျိုးသွားရန်၊ ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ စိုက်ပျိုးသွားရန်၊ တရားမဝင်သတ္တု တူးဖော်ထုတ်ယူမှုများမရှိအောင် ကာကွယ်တားဆီးသွားရန် မှာကြားသည်။ ထို့နောက် သတ္တုထုတ်လုပ်သန့်စင်မှု ဆောင်ရွက်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း တည်ထောင်ထားရှိမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ မိုးလုံလေလုံ အားကစားခန်းမတွင် ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၆၁၁) ဦးနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသော မီးလောင်ကျွမ်းမှု များသည် ပွင့်လင်းရာသီတွင် ဖြစ်ပေါ်မှု အများဆုံးဖြစ်ပါကြောင်း၊ မီးလောင်ကျွမ်းမှု Fire Hotspots များမဖြစ်ပေါ်စေရန်နှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံး ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု  ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေး စွန့်ပစ်အမှိုက်များအား မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်းတောင်ယာ မီးရှို့ခြင်းအား အခြားစိုက်ပျိုးရေးနည်းစနစ်များဖြင့် အစားထိုး အသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်း ဆောင်ရွက်သွားရေးသည် အထူးအရေးကြီးပါကြောင်း၊ အလားတူ နမ့်ခုတ်မြစ် ရေရှည် တည်တံ့ရေးနှင့် သန့်ရှင်းကောင်းမွန်သော ရေရရှိရေးအတွက်လည်း အားလုံးဝိုင်းဝန်း ထိန်းသိမ်းသွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲအား ရုပ်သိမ်းသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနရုံးနှင့် မိုင်းဆတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် မိုင်းဆတ်မြို့၏ လေထုအရည်အသွေးတိုင်းတာမှုနှင့် နမ့်ခုတ်မြစ်၏ ရေအရည်အသွေးတိုင်းတာမှု တို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

Newspaper - 3422 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download