ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ တက်ရောက်
Ministry of Information/ Naypyitaw / February 13, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၂
MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာအသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပလျက်ရှိသည့် နေပြည်တော်ရင်ပြင် ကွပ်ကဲရေးရုံး၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်သည်။
တွေ့ရှိချက်ရလဒ်များ ဆွေးနွေးသွားမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများက MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နည်းပညာတက္ကသိုလ်များ၌ နှစ်စဉ်ရေးသားပြုစုထားသည့် သုတေသနစာတမ်းများ၏ တွေ့ရှိချက်ရလဒ်များကို လုပ်ငန်းရှင်များ သိရှိနိုင်ရေးဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများမှ သုတေသနပြုလုပ်ထားသည့် တွေ့ရှိချက်များကိုလည်း လုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းပေးလျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်များ ချိတ်ဆက်ဆောင်ရွက်ခြင်းအစီအစဉ်များကို ပိုမိုကျင်းပနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နည်းပညာများသည် အစဉ်အမြဲပြောင်းလဲတိုးတက်နေသဖြင့် ခေတ်နှင့်အညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယခုကျင်းပလျက်ရှိသည့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ Digital Corner ပြခန်း ဖွင့်လှစ်ကာ MSME များနှင့်ပတ်သက်၍ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် သုတေသနပြုလုပ်ထားသည့်အခြေအနေများကို ခင်းကျင်းပြသထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်း
ယင်းနောက် သုတေသနတီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ဇီဝနည်းသုတေသနဦးစီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နည်းပညာများဖြန့်ဝေပေးနေမှု၊ ဉာဏ်ရည်တုနည်းပညာအသုံးပြုရေးတို့ကို ဆွေးနွေးပြီး တက်ရောက်လာသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် MSME များ ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေး
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျနှင့် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးသည့်အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းစတင်တည်ထောင်စဉ်မှ ငွေကြေးအရင်းအနှီးရရှိရေး၊ ဈေးကွက်ရရှိရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြည်တွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ငွေကြေးအရင်းအနှီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများတည်ထောင်မည်ဆိုပါက မည်သည့်လုပ်ငန်းအမျိုးအစား ဆောင်ရွက်မည်၊ မည်သည့်ထုတ်ကုန်ကို ထုတ်လုပ်မည်၊ မည်သည့်ကုန်ကြမ်းကို အသုံးပြုမည်၊ မည်သည့် နည်းပညာကို အသုံးပြုမည်၊ မည်သည့်ဈေးကွက်ကို ဖြန့်ဝေမည်တို့ကို ကြိုတင်သတ်မှတ်ထားရမည်ဖြစ်ကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုဆောင်ရွက်ထားသည်ကို အများပြည်သူသိရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကုမ္ပဏီများအား ဖြည့်ဆည်းကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
