ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၇
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် ဝါမှ ဝါဂွမ်း၊ ချည်၊ ပိတ်၊ အထည်ထုတ်လုပ်သည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေ၊ ဝါးမှ ပျော့ဖတ်များ တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ MSME များအတွက် ချေးငွေစီးဆင်းမှုမြန်ဆန်ရေး ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဒီဂျစ်တယ်စနစ်တွင်ကျယ်စွာ အသုံးပြုနိုင်ရန် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပရေး၊ နိုင်ငံတော်မှ ပေးအပ်သည့် အခွင့်အရေးများရရှိစေရန် မှတ်ပုံတင်ပြုလုပ်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ MSME အစုအဖွဲ့များ ပိုမိုအားကောင်းလာစေရေးနှင့် Agro-Base Industries ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် တရားဝင်ဖြစ်စေရေးမှတ်ပုံတင်ထားရှိရန်၊ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးမီကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် စွန့်ဦးတီထွင်သူများ ဖြစ်ပေါ်လာစေရေး စည်းရုံးဆောင်ရွက်ရန်၊ တစ်ဦးတစ်ယောက်ချင်းနှင့် MSME အစုအဖွဲ့များ အားကောင်းလာစေရေးအားပေးဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3509 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
