ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဓာတ်မြေဩဇာများဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးရောင်းချနိုင်ရေး တိုက်တွန်းမှာကြား
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဓာတ်မြေဩဇာများဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးရောင်းချနိုင်ရေး တိုက်တွန်းမှာကြား
Ministry of Information/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၇
စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် အချိန်မီရရှိရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီးများနှင့် စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်မှာကြားချက်နှင့်အညီ ကျေးလက်နေပြည်သူများ အဓိကလုပ်ကိုင်နေကြသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးကာ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး၊ ရည်ညွှန်းဈေးနှုန်းများ လစဉ်ထုတ်ပြန်ပေးလျက်ရှိသဖြင့် သိုလှောင်ဈေးကစားခြင်းများမရှိစေရေးနှင့် သွင်းအားစုများ၏ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီရရှိရေး၊ ထိုက်သင့်သော သက်သာသည့် ဈေးနှုန်းဖြစ်စေရေးကို တာဝန်ရှိသူအားလုံး ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူတင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်ရေးသည် သွင်းအားစုများသုံးစွဲရန် လိုအပ်ပါကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးများဖြစ်စေရန်အတွက် လိုအပ်သည့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတောင်သူများအနေဖြင့်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ နွေစပါးစိုက်တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3509 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
