ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / May 02, 2026
image_latest


ရန်ကုန် မေ ၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတို့ကို သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်း ဆောင်ရွက်ချက်များကို အလေးထားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲကြရန်၊ ရုံးနှင့်တိုင်းရင်းသား ရိုးရာအိမ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို တာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရက်ပေါင်း(၁၀ဝ) အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တိုင်းရင်းသားရိုးရာအိမ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်သည့် သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်မှ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ပြုပြင်မွမ်းမံနိုင်ရေးလုပ်ငန်းများ အမြန်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဆန်းသစ်တီထွင်မှုသည် ရိုးရာကိုမကျော်လွန်စေရေးသည် အရေးကြီးသဖြင့် အထူးသတိပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ရက်(၁၀၀)ကာလအတွင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်းများ၊ ရိုးရာယဉ်ကျေးမှုပွဲတော်အခမ်းအနားများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ လေ့လာရေးခရီးစဉ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲများ၊ တိုင်းရင်းသားဒေသများအရောက် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားသည်။

ဆက်လက်၍ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရက်ပေါင်း(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးရုံးဝင်း ခြံစည်းရိုးအဟောင်းကို ဖြိုဖျက်၍ ခြံစည်းရိုးအသစ်ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download