ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိ နိုင်ငံပိုင်သတင်းစာတိုက်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကို ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 02, 2026
image_latest


ရန်ကုန် ဇွန် ၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် သတင်းစာတိုက်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်း သတင်းစာတိုက်သို့ရောက်ရှိပြီး ရုံးအဆောက်အအုံ၊ CTP (Computer to Plate) ခန်း၊ ပုံနှိပ်စက်နှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၃)လမ်းရှိ ကြေးမုံသတင်းစာတိုက်၏ ပုံနှိပ်စက်ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး စတူဒီယို (1)တွင် လူမှုစီးပွားအစီအစဉ်နှင့် ဘဝနှင့် အနုပညာအစီအစဉ်ရိုက်ကူးနေမှု၊ စတူဒီယို (2) တွင် Shining Star ကလေးအစီအစဉ် ရိုက်ကူး နေမှု၊ News Studio တွင် သတင်းရိုက်ကူးနေမှု၊ စတူဒီယို(D) တွင် ခေတ်ပေါ်တေးဂီတအဖွဲ့ လေ့ကျင့်နေမှု၊ ရေဒီယိုဆောင် Master Room တွင် မြန်မာ့အသံဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ ဝန်ထမ်းများ တေးသီချင်းသီဆိုလေ့ကျင့်နေမှု၊ စတူဒီယို(B) တွင် နိုင်ငံတော် သံစုံတီးဝိုင်းလေ့ကျင့်နေမှုနှင့် စတူဒီယို(C)တွင် အသံလွှင့်ဇာတ်လမ်းအသံသွင်းနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(A)၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံစဉ် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဌာနတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက မူဝါဒအစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ပြည်သူလူထု သိရှိနားလည်ရေး သတင်းများထုတ်ပြန်ပေးရန်နှင့် အသိပညာပေးရန်လိုအပ်ပါကြောင်း၊ အနုပညာကဏ္ဍအနေဖြင့်လည်း ဖျော်ဖြေပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်ပြီး မီဒီယာဖြင့် အသိပညာပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာဖြစ်သည့်အတွက် အဆင့်အတန်းရှိသည့် မီဒီယာတစ်ခု ဖြစ်ရေး ကြိုးစားရန်လိုအပ်ကြောင်း ပြောကြားပြီး အရာထမ်း၊ အမှုထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။       

သတင်းစဉ်

Newspaper - 3544 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download