ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက သီရိလင်္ကာနိုင်ငံ ဒီဝါဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ခံစားရသည့် ပြည်သူများသို့ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကိုလံဘိုမြို့တွင် လွှဲပြောင်းပေးအပ်လှူဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက သီရိလင်္ကာနိုင်ငံ ဒီဝါဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ခံစားရသည့် ပြည်သူများသို့ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကိုလံဘိုမြို့တွင် လွှဲပြောင်းပေးအပ်လှူဒါန်း
Ministry of Information/ Naypyitaw / December 08, 2025
သီရိလင်္ကာ ဒီဇင်ဘာ ၇
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ခရိုင် ၂၅ ခုတွင် ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်းကိုးသိန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရပြီး လမ်းတံတားများ၊ နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်ကြောင်း နိုင်ငံတကာသို့ ကမ်းလှမ်းဖိတ်ခေါ် ခဲ့သည့်အတွက် သီရိလင်္ကာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးရှိသည့် အားလျော်စွာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက သီရိလင်္ကာ နိုင်ငံ ဒီဝါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရသော ပြည်သူများသို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းများကို တပ်မတော် လေယာဉ်ဖြင့် သွားရောက်လှူဒါန်းပို့ဆောင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ ရောက်ရှိကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်၊ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် အာရှအလယ်ပိုင်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ချန်မာရီ ရိုဒရီဂို၊ လေတပ်စခန်းဌာနချုပ် စီမံကိန်းဌာန ညွှန်ကြားရေးမှူးချုပ် Air Vice Marshal S Deshapriya GM Silva နှင့် သီရိလင်္ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုတွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က သီရိလင်္ကာနိုင်ငံတွင် ဒီဝါမုန်တိုင်းတိုက်ခတ် မှုဒဏ်ကြောင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့ရမှုအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများက သီရိလင်္ကာအစိုးရနှင့် ပြည်သူများနည်းတူ ထပ်တူဝမ်းနည်းပါ ကြောင်း၊ နှစ်နိုင်ငံအကြား မိသားစုစိတ်ဓာတ်ဖြင့် အခက်အခဲကြုံချိန်တွင် အပြန်အလှန် ရိုင်းပင်းကူညီမှုပြုခြင်းဖြစ်ပါကြောင်း၊ ဆန်နှင့်အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သီရိလင်္ကာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် အမြန်ဆုံးပြန်လည်ထူထောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တပ်မတော် လေယာဉ်ဖြင့် တင်ဆောင်လာသော ဆေးဝါးနှင့် ဆေးပစ္စည်း ၂၆ မျိုးတန်ချိန် ၆ ဒသမ ၉၃၈ တန် နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများတန်ချိန် ၂ ဒသမ ၂၆၂ တန် စုစု ပေါင်း တန်ချိန် ၉ ဒသမ ၂ တန်ကို ကိုလံဘိုလေဆိပ်တွင် သီရိလင်္ကာနိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းကြသည်။
မြန်မာနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသော အစိုးရနှင့် ပြည်သူများအတွက် ယခုလှူဒါန်းမှုသည် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ခန့် တန်ဖိုးရှိပြီး ဆန်တန်ချိန် ၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ တို့ကို ဆက်လက်ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3412 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
