ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒအမှာစကားပြောကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒအမှာစကားပြောကြား
Ministry of Information/ Naypyitaw / May 06, 2026
နေပြည်တော် မေ ၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ဩဝါဒအမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပပြုလုပ်မည့် Naypyitaw State Academy သို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့် လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းလူငယ်နှင့် လေကြောင်း လူငယ်မောင်မယ်များက လှိုက်လှဲနွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး
ထို့နောက် နိုင်ငံတော်သမ္မတက “နိုင်ငံတော်သစ်၏ စွမ်းအားရှင်များ” အစီအစဉ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားတွင် ဝန်ကြီးဌာနများအလိုက် ပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက “ထာဝရပညာ” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “လူရည်ချွန် မောင်မယ်များမှသည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ဆီသို့” Video Clip အား ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ဩဝါဒအမှာ စကားပြောကြားရာတွင် ဒီမိုကရေစီနိုင်ငံတော်သစ်ကို စတင်လျှောက်လှမ်းသည့် အချိန်ကာလတွင် နိုင်ငံတော်ကအားထားရသည့် လူရည်ချွန်မောင်မယ်များနှင့်တွေ့ဆုံပြီး အမှာစကား ပြောကြားရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်သစ်တည်ဆောက်သည့်အခါတွင် မောင်တို့မယ်တို့ကဲ့သို့ လူတော်လူကောင်း၊ လူရည်ချွန်လူရည်မွန်များ၏ စွမ်းအားနှင့် ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးသည့်အတွက် လိုအပ်သည်များမှာကြားလိုကြောင်း။
ပင်ကိုစွမ်းရည်မြင့်မားသူများဖြစ်
“လူရည်ချွန်” ဆိုသည်မှာ ထူးချွန်ထက်မြက်သူ၊ အသိဉာဏ်ပညာပြည့်ဝသူ၊ အများထက်သာလွန်အောင် ကြိုးစားအားထုတ်နိုင်သူ၊ ပင်ကိုစွမ်းရည် မြင့်မားသူများဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည် ထိုသို့အရည်အချင်းများနှင့် ပြည့်စုံကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် “လူရည်ချွန်” ဆိုသည့် ဂုဏ်ဒြပ်ကို ထိုက်ထိုက်တန်တန် အပ်နှင်းခြင်းခံရပြီး ယခုအချိန်တွင် ဂုဏ်သတင်းကောင်းနှင့် ကျော်ဇောသည့်သူများ ဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီးကို ထုဆစ်ပုံဖော်ကြမည့် မျိုးဆက်သစ်လူငယ်များလည်း ဖြစ်ကြကြောင်း။
မိမိဒေသအတွက် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်
မောင်တို့မယ်တို့သည် စာပေဘာသာရပ်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ခြင်းမဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ တစိုက်မတ်မတ်လေ့ကျင့်မှု စသည့်ကာယ၊ ဉာဏစွမ်းအားများနှင့် စစ်ဆေးအကဲဖြတ်မှုအဆင့်ဆင့်ကို ယှဉ်ပြိုင်ကျော်ဖြတ်နိုင်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့သဖြင့် အောင်မြင်မှုများရရှိပြီး မိမိ မိသားစု၊ မိမိ ကျောင်း၊ မိမိဒေသအတွက် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အများကစံပြုထိုက်သည့် မောင်တို့မယ်တို့ကို ယခုကဲ့သို့ အခမ်းအနားကျင်းပပြီး တွေ့ဆုံဂုဏ်ပြုရခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ၏အင်အားဖြင့် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ လူငယ်တိုင်းသည် နိုင်ငံကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ် အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင် အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များ ပေါ်ထွက်လာအောင် လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်
လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အဓိက အင်အားစုဖြစ်သည့်အတွက် အသိပညာ အတတ်ပညာ ပြည့်ဝရန်လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့ အကျိုးသယ်ပိုးကြရမည်ဖြစ်ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့်အစဉ် အလာနှင့် ဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကို တန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန်လည်း လိုအပ်ကြောင်း။
နိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်၊ ထိန်းသိမ်းကာကွယ်လိုသည့်စိတ် လူငယ်ထုအတွင်း ထာဝရကိန်းအောင်းနေရန်အတွက် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်၊ လူရည်ချွန် စသည်ဖြင့် လူငယ်လူရွယ်များကို နယ်ပယ်အစုံတွင် နှစ်ပေါင်းများစွာ လေ့ကျင့်မွေးထုတ်ပေးနေခြင်း ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အချို့နှစ်များတွင် ဆောင်ရွက်နိုင်ခြင်း မပြုနိုင်ခဲ့သော်လည်း ယခုလူငယ်များအတွက် စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်အရည်အသွေးမြင့်မားရေးကို အလေးထားဆောင်ရွက်နေပြီဖြစ်ကြောင်း။
အဘက်ဘက်မှ လေ့လာသင်ယူ
လူရည်ချွန်စီမံကိန်းဆိုသည်မှာ ကျန်းမာသန်စွမ်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့်၊ ထူးချွန်ထက်မြက်ပြီး ဗလငါးတန်ပြည့်ဝသည့် လူကောင်းလူတော်များ၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများမှတစ်ဆင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူအချင်းချင်း လူရည်ချွန်ရွေးချယ်ခံရသူများကို အားကျအတုယူလိုစိတ်၊ မိမိကိုယ်တိုင် လူရည်ချွန်ဖြစ်အောင် ကြိုးစားလိုစိတ်များနှင့် ကောင်းသောယှဉ်ပြိုင်မှုများနှင့် အဘက်ဘက်မှ လေ့လာသင်ယူလိုစိတ်များကို မြှင့်တင်ပေးခြင်းလည်းဖြစ်ကြောင်း၊ ထိုသို့ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်းသည့် ပညာရေးစီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း၊ ယခင်က လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသူများသည် ယခုအချိန်တွင် နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာ ထမ်းဆောင်နေကြသူများရှိသကဲ့သို့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များနှင့် အဖွဲ့အစည်းများတွင်လည်း ပါဝင်အကျိုးပြုနေပြီကို မောင်တို့ မယ်တို့ အသိပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အသီးသီးတို့၌ လူရည်ချွန်ရွေးချယ်ခံခဲ့ရသူ ၁၂ ဦး ပါဝင်ကြောင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူနိုင်ရေး အသိပေးပြောကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် လူရည်ချွန် ၄၇၈ ဦး၊ ၂၀၂၄ ခုနှစ်တွင် လူရည်ချွန် ၅၅၄ ဦး၊ ၂၀၂၅ ခုနှစ်တွင် လူရည်ချွန် ၇၂၈ ဦး ရွေးချယ်နိုင်ခဲ့ကြောင်း။
ယခုနှစ် အခြေခံပညာကဏ္ဍတွင် နဝမတန်းလူရည်ချွန် ၉၆ ဦး၊ ဒသမတန်း လူရည်ချွန် ၁၃၂ ဦး၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၃ ဦး၊ ဒွါဒသမတန်း လူရည်ချွန် ၉၉ ဦးနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ပထမနှစ်လူရည်ချွန် ၁၄၈ ဦး၊ ဒုတိယနှစ်လူရည်ချွန် ၁၄၃ ဦး ရွေးချယ်နိုင်ခဲ့ပြီး စုစုပေါင်း လူရည်ချွန် ၇၅၁ ဦး မွေးထုတ်နိုင်ခဲ့ကြောင်း၊ လူရည်ချွန် ၇၅၁ ဦးတွင် ၅ ထပ်ကွမ်းနှစ်ဦး၊ ၄ ထပ်ကွမ်း ၃၁ ဦး၊ ၃ ထပ်ကွမ်း ၆၈ ဦး၊ ၂ ထပ်ကွမ်း ၁၉၆ ဦးနှင့် ပထမအကြိမ် ရွေးချယ်ခံရသူ ၄၅၄ ဦး ပါဝင်ကြောင်း။
လူရည်ချွန်များကို အစဉ်လေ့ကျင့် မွေးထုတ်ပေးနေ
ထိုသို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များကို အစဉ်လေ့ကျင့် မွေးထုတ်ပေးနေပြီး နိုင်ငံအတွက် လိုအပ်သည့် “အသိပညာအဆောက်အအုံ” တောင့်တင်းခိုင်မာအောင် အုတ်မြစ်ချဆောင်ရွက် ပေးနေသည့် ပညာရေးဝန်ကြီးဌာနကိုလည်း အသိအမှတ်ပြုသည်ကို ပြောလိုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ်လူရည်ချွန် ကျောင်းသားလူငယ်များ၏ ထူးချွန်ထက်မြက်မှု၊ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် နဝမတန်း လူရည်ချွန်များကို ပြင်ဦးလွင်လူရည်ချွန်စခန်း၊ ဒသမတန်းလူရည်ချွန်များကို အင်းလေးလူရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန်များကို ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်း လူရည်ချွန်များကို နေပြည်တော်လူရည်ချွန်စခန်း၊ တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်များကို ချောင်းသာ လူရည်ချွန်စခန်းတို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း။
ယခုခရီးစဉ်သည် မိမိတို့၏ ကြိုးစားမှု၊ အရည်အချင်းနှင့် အစွမ်းအစများကြောင့် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သဖြင့် ယခုခရီးစဉ်တွင် ပါဝင်ခွင့်ရသည်ကို ဂုဏ်ယူတန်ဖိုးထားစေချင်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင်လည်း မိဘပြည်သူများ၊ တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြိုဆိုကြမည် ဖြစ်ကြောင်း။
ဒေသန္တရဗဟုသုတများ ရှာဖွေနိုင်
ထို့အပြင် ခရီးစဉ်အတွင်း ဒေသအသီးသီးမှ ပညာကို တန်ဖိုးထားသည့် သက်တူရွယ်တူသူငယ်ချင်းများ နှင့်တွေ့ဆုံပြီး အသိပညာများ ဖလှယ်နိုင်ကြမည်ဖြစ်သကဲ့သို့ ဒေသန္တရဗဟုသုတများ ရှာဖွေနိုင်ကြမည် ဖြစ်ကြောင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းဆောင်ရွက်တတ်မှု၊ အများနှင့်လိုက်လျောညီထွေ နေထိုင်တတ် လာတတ်မှုနှင့် အပြန်အလှန်နားလည်မှု၊ အချင်းချင်းယုံကြည်လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုများ ရရှိလာနိုင်မည်ဖြစ်သဖြင့် မိမိတို့ဘဝအတွက် အတွေ့အကြုံကောင်းများ ရနိုင်မည်ဖြစ်ကြောင်း။
မောင်တို့မယ်တို့အနေဖြင့် မိမိတို့ရရှိထားသည့် လူရည်ချွန်ဟူသည့် ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့်အညီ ပြောဆိုနေထိုင်ပြုမူလုပ်ကိုင်မှုများကို မြှင့်တင်နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ “အတ္တနှင့်ပရ” မျှတမှုရှိအောင် ကျင့်ကြံနေထိုင်ကြရန်နှင့် ခေတ်စနစ်၏ တိုးတက်မှုနည်းလမ်းများကို အမြဲမပြတ်ရှာဖွေနေရန် လိုအပ်သကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ လူငယ်ဘဝတွင်ရှိသင့်သည့် ကျင့်ဝတ်များဖြစ်သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များကို လိုက်နာနေထိုင်ကြရန်နှင့် မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစားပြီး ဘာသာတရား၏ အဆုံးအမနှင့်အညီ ကိုယ်ချင်းစာမှု၊ သည်းခံခွင့်လွှတ်မှုဟူသည့် အခြေခံစိတ်ဓာတ်ကောင်းများ မွေးမြူကြရမည်ဖြစ်ကြောင်း၊ အများက လေးစားအတုယူရမည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်း။
စွမ်းဆောင်ရည်ပြည့်ဝနေရန်လို
ယခုကဲ့သို့ ၂၁ ရာစု အသိပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်မှာ ဘဝတစ်သက်တာ လေ့လာသင်ယူနေရန်၊ စွမ်းဆောင်ရည်ပြည့်ဝနေရန်လိုကြောင်း၊ ထိုသို့ဆိုပါက မိမိတို့ကိုယ်တိုင် အစဉ်အမြဲလေ့လာသင်ယူနေရန်နှင့် ပြင်ပဗဟုသုတနှင့် အသိပညာအတွက် စာအုပ်စာပေများ ဖတ်ရှုရမည်ဖြစ်ကြောင်း၊ “ဖတ်လျှင် အမြင်ကျယ်၊ မှတ်လျှင် ပညာမြင့်၊ ကျင့်သော် အောင်မြင်၊ သင်သော် ထူးချွန်၊ ဘဝအတွက် စာကောင်းပေမွန်” ဆိုသည့် စကားအတိုင်း စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း။
ထို့အပြင် ပညာသင်ရာဌာနများဖြစ်သည့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှော ဖလှယ်ပွဲများနှင့် လူငယ်များကို ဘက်ပေါင်းစုံထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပပေးကြရန် လေးလေးနက်နက် မှာကြားလိုကြောင်း။
တစိုက်မတ်မတ် အလေးထားဆောင်ရွက်
မိမိတို့နိုင်ငံကို ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ အများကြီးလိုအပ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရနှင့်အတူ မိဘများ၊ ဆရာများအပါအဝင် တာဝန်ရှိသူများနှင့် နိုင်ငံသားအားလုံးက တစိုက်မတ်မတ် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
“လူရည်ချွန်” ဟူသည့် ဂုဏ်သိက္ခာနှင့် လျော်ကန်သင့်မြတ်သည့် တာဝန်ဝတ္တရားကို ကျေပွန်အောင်ထမ်းဆောင်ကြရန်၊ အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန်၊ နိုင်ငံတကာအသိုက်အဝန်းတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ရေး အစဉ်တစိုက်ကြိုးပမ်းကြရန်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်များနှင့် စည်းလုံးညီညွတ်ပြီး အနာဂတ် နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
အထိမ်းအမှတ်အလံများပေးအပ်
ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းအလိုက် အထိမ်းအမှတ်အလံများကို လူရည်ချွန်မောင်မယ်များထံပေးအပ်ပြီး လူရည်ချွန်မောင်မယ်များက အထိမ်းအမှတ်လက်ဆောင် ပြန်လည်ပေးအပ်သည်။
ယင်းနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကိုယ်စား နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ဒွါဒသမတန်းမှ မောင်စွမ်းသူအောင်က ဂါရဝပြုကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများက လူရည်ချွန်မောင်မယ်များနှင့်အတူ “လူရည်ချွန်စွမ်းအား” တေးသီချင်း၊ “လူငယ်စွမ်းရည်” တေးသီချင်းတို့ဖြင့် စုပေါင်းသီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်များနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
နေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတသည် လူရည်ချွန်မောင်မယ်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3517 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
