ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ပြခန်းများဖွင့်လှစ်၍ ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းပြသသွားမည်


Ministry of Information/ Naypyitaw / February 03, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် MSME လုပ်ငန်းရှင်များနှင့် တောင်သူများအတွက် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာများကို ပြခန်းများဖွင့်လှစ်၍ ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ နှစ်ရှည်သီးနှံဌာနခွဲ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲနှင့် သကြားထွက်သီးနှံဌာနခွဲဟူသည့် ဌာနခွဲရှစ်ခုမှ မျိုးစေ့အမျိုးမျိုး၊ သဘာဝမြေဩဇာ/သဘာဝ ပိုးသတ်ဆေးအမျိုးမျိုး၊ နည်းပညာဗဟုသုတများ (နကျယ်မွေးမြူခြင်း၊ ပိုးထောင်ချောက်များ)၊ သီးနှံအမျိုးအစားအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်များ စမ်းသပ်ထုတ်လုပ်ခြင်း ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ပါဝင်ပြသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဦးက ပြောသည်။

“ပြပွဲမှာ စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံတဲ့ MSME လုပ်ငန်းတွေအတွက် နည်းပညာရပ်တွေကို ဗီနိုင်းတွေနဲ့ ပြသသွားမှာဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက ထုတ်လုပ်ထားတဲ့ တန်ဖိုးမြှင့် စားသောက်ကုန်တွေဖြစ်တဲ့ ဝိုင်၊ ဖျော်ရည်၊ အမှုန့်၊ ဆော့အနှစ်၊ သစ်သီးခြောက်နဲ့ ယိုအမျိုးမျိုး၊ စက်မှုကုန်ကြမ်းနဲ့လူသုံးကုန်တွေဖြစ်တဲ့ ဝါဂွမ်းကထွက်ရှိ တဲ့ ချည်ထည်တွေအပြင် ပိုးစာကနေထုတ်လုပ်တဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေးနဲ့ Skin Care ပစ္စည်းတွေ၊ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ မက္ကဒေးမီးယားဆီကိုအခြေခံတဲ့ ခေါင်းလျှော်ရည်၊ အလှဆီနဲ့ ပျားရည်၊ ရော်ဘာကုန်ချောပစ္စည်းတွေဖြစ်တဲ့ လက်အိတ်၊ ဖိနပ်၊ အပိုပစ္စည်းနဲ့ ရော်ဘာရွက် ပန်းအလှဆင်ခြင်းတွေ စတဲ့ပစ္စည်းတွေကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြပွဲသို့ လာရောက်လေ့လာသူများအတွက် နည်းပညာဗဟုသုတများ ရရှိမည်ဖြစ်ပြီး အချို့ထုတ်ကုန်များအတွက် ထုတ်လုပ်မှုအဆင့်ဆင့်နှင့် အရည်အသွေးမြှင့်တင်မှု နည်းစနစ်များကိုပါ သိရှိနိုင်မည်ဖြစ်သည့်အပြင် ပြပွဲရှိ တာဝန်ခံပညာရှင်များနှင့် တိုက်ရိုက်ဆွေးနွေးခြင်းဖြင့် မိမိတို့လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာများကို အလွယ်တကူ မေးမြန်းသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက MSME မွေးမြူထုတ်လုပ်မှု နည်းပညာပေးဆိုင်ရာ ပြကွက်၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းစဉ်များ ပြကွက်၊ MSME မွေးမြူထုတ်လုပ်မှုအတွက် ပြည်တွင်းထုတ်တိရစ္ဆာန်အစာများပြကွက်နှင့် အသား၊ ဥ၊ နို့ ၊ ပျားထွက်ပစ္စည်းနှင့် ငှက်သိုက်ဆိုင်ရာ တန်းဖိုးမြှင့် ထုတ်ကုန်များ ပြကွက်တို့ကို ပါဝင်ပြသသွားမည်ဖြစ်သည်။

ထို့ပြင် အသားနှင့်အသားထွက်ပစ္စည်း ကုန်ချောများ (အမဲသား၊ ကြက်သား၊ ဘဲသားစည်သွတ်ဘူးများ)၊ အသင့်စား အသား‌ခြောက်များနှင့် ရောစပ်အသားမုန့်များ (အမဲသား၊ ကြက်သား၊ ဘဲသား စည်သွတ်ဘူးများ)၊ နို့နှင့်နို့ထွက်ပစ္စည်းများဖြစ်သည့် နို့ဆီဘူးများ၊ ဒိန်ချဉ်၊ နို့အေးများ၊ ပျားနှင့် ပျားထွက်ပစ္စည်းအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ၊ နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးနှင့် ငါးအမိုင်နိုတို့ဖြင့် ပြုလုပ်ထားသော ဇီဝမြေဩဇာအမျိုးမျိုး၊ အသင့်သုံးတိရစ္ဆာန်စပ်စာအမျိုးမျိုး၊ သားရေထည်လူသုံးပစ္စည်းများ၊ ငှက်သိုက်ဆိုင်ရာ အဆောက်အအုံနှင့် ထုတ်ကုန်များ၊ မွေးမြူထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ (Battery cage, Weigh machine-mini, AI tool kits)၊ ဥပဒေ နှင့် အမိန့်ညွှန်ကြားချက်များ၊ နည်းပညာပေးစာအုပ်၊ စာစောင်များ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ငန်းစဉ်များ စသည့်ပစ္စည်းများကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ဒေသအသီးသီးက MSME လုပ်ငန်းရှင်တွေအတွက် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ထုတ်ကုန်တွေကို တရားဝင်မှတ်ပုံတင်နိုင်ဖို့အတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဆက်စပ်ပစ္စည်းတင်သွင်းရမယ့် လုပ်ငန်းစဉ်တွေကို OSS ရုံးခန်းဖွင့်လှစ် ရှင်းလင်းပြသတာတွေ၊ လက်တွေ့ဝန်ဆောင်မှုပေးတာတွေကို ပြခန်းမှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးနည်းပညာရပ်တွေနဲ့ စိုက်ခင်းထွက်သီးနှံတွေကို တန်ဖိုးမြှင့် စားသောက်ကုန်တွေ တစ်ပိုင်တစ်နိုင် စမ်းသပ်ထုတ်လုပ်နိုင်ဖို့ နည်းပညာရပ်တွေကို လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြသကြမယ့် ဒေသအသီးသီးက မွေးမြူရေးဆိုင်ရာ MSME လုပ်ငန်းရှင်တွေအတွက်လည်း ထုတ်ကုန်တွေအတွက် ပြည်ပတင်ပို့ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဆက်စပ်ပစ္စည်းတင်သွင်းမယ့် လုပ်ငန်းစဉ်တွေကို OSS ရုံးခန်းဖွင့်ပြီး ရှင်းလင်းပြသတာတွေ၊ လက်တွေ့ဝန်ဆောင်မှုပေးတာတွေကို ပြခန်းမှာဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးဝင်းဦးက ရှင်းပြသည်။

ယခုနှစ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အထူးအစီအစဉ်အဖြစ် ပို့ကုန်သွင်းကုန်အတွက် OSS ရုံးခန်းဖွင့်ပေးခြင်း၊ ရေဆင်းတွင်တည်ရှိသည့် ရိတ်သိမ်းချိန်လွန်နည်းပညာ ဌာန (PHRI) မှ ဆောင်ရွက်ထားသည့် MSME အထောက်အကူပြု သုတေသနများဖြစ်သည့် ဝိုင်အမျိုးမျိုး (နာနတ်သီး၊ နဂါးမောက်သီး၊ စပျစ်သီး၊ ချဉ်ပေါင်ဖူး)၊ ဖျော်ရည်အမျိုးမျိုး (ဆီးသီး၊ စပျစ်သီး၊ နဂါးမောက်သီး၊ ချဉ်ပေါင်ဖူး)၊ အမှုန့်အမျိုးမျိုး ပြုလုပ်ပုံ/ပြုလုပ်နည်းများ ပြသပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်အတွက် OSS ရုံးခန်းဖွင့်လှစ်ပေးခြင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ငှက်သိုက်ထုတ်လုပ်ရန် ဇီဝဇိုးငှက်များကို လှောင်အိမ်ဖြင့်မွေးသည့်စနစ် ပြသခြင်းတို့ကို ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။

အေးအေးသန့်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download