ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) တတိယနေ့တွင် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာ


Ministry of Information/ Naypyitaw / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရင်ပြင်၌ ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုကြသည်။

“ပြပွဲကို သူငယ်ချင်းတွေနဲ့အတူ ဒုတိယအကြိမ် လာရောက်တာပါ။ ပြပွဲမှာ ရောင်းချတဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်းက အပြင်ကထက် ပိုပြီးသက်သာပါတယ်၊၊ ဒါကြောင့် ကိုယ်နှစ်သက်တဲ့ ရိုးရာအစား အစာတွေ ဝယ်ဖြစ်ပါတယ်။ ဒေသအစုံက လာရောက်ပြသတဲ့ ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာခွင့်ရတယ်။ ဒီမှာလေ့လာပြီး သတိထားမိတာက မြန်မာ့ထုတ်ကုန်တွေက အရင်လို သမားရိုးကျ မဟုတ်တော့ဘူး။ ဝယ်ယူသူကို ဝယ်ချင်အောင် အရည်အသွေးပိုင်း၊ ထုပ်ပိုးမှုအပိုင်းအားလုံးကို အဆင့်မြှင့်တင် လာကြတာကို တွေ့ရပါတယ်” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ မအေးမြတ်သွယ်က ပြောသည်။

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန် ပစ္စည်းများကို ပြခန်းအလိုက် အမျိုးအစားစုံလင်စွာ ခင်းကျင်းပြသရောင်းချလျက်ရှိသည့် အတွက် ပြပွဲတတိယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ပြပွဲလာပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသလျက်ရှိသည့် ပြခန်းပေါင်း ၁၂၀ ကျော်တွင် အသေးစားစက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ ပါဝင်သည့်အပြင် ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်း ရှင်များ၏ထုတ်ကုန်များ၊ MSME ထုတ်ကုန်များအတွက် နည်းပညာ အထောက်အကူပြု ပြခန်းများ လည်း ပါဝင်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာရက်ကန်းတွေရဲ့ အရည်အသွေးမြှင့်တင်နိုင်ဖို့ ဆိုးဆေးနဲ့ပတ်သက် တာတွေ အထောက်အပံ့ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ အဓိကတော့ သမားရိုးကျလက်နဲ့ ဆိုးဆေးဆိုးတာထက် အရည်အသွေးပိုကောင်းအောင် နည်းပညာနဲ့ စက်ကိရိယာအသုံးပြုနိုင်အောင်၊ လူနဲ့ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ အရည်အသွေးကောင်းတဲ့ ဆိုးဆေးတွေ သုံးအောင်၊ အသုံးပြုပြီးသား ဆိုးဆေးရည်တွေကို စနစ်တကျစွန့်ပစ်အောင် ဆောင်ရွက်နေပါတယ်။ ပထမဆုံးအကြိမ် ပါဝင်ပြသတာ ဖြစ်ပေမယ့် ထိရောက်မှုရှိတဲ့ ပြပွဲဖြစ်ပါတယ်။ ဒီပြပွဲကနေ တစ်ဆင့် ရိုးရာချည်ထည်လုပ်ငန်းတွေတွေ့ဆုံပြီး ဆွေးနွေးဖြစ်ကြတယ်။ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာ အများစုက ဆိုးဆေးကို ပြည်ပဆိုးဆေး အသုံးပြုတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ အဆင်ပြေအောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာတာဝန်ရှိ သူတွေက လမ်းညွှန်ပူးပေါင်းပြီး ကူညီပေးစေလိုပါတယ်။ အခုပြပွဲမှာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း ပွင့်ပွင့်လင်းလင်း နှီးနှောတိုင်ပင်ခွင့်ရရှိပါတယ်။ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေကလည်း လှိုက်လှိုက်လှဲလှဲ ကူညီဆောင်ရွက်ပေးကြတဲ့အတွက် အားတက်ရပါတယ်။ ဒါကြောင့် တခြားလုပ်ငန်း ရှင်တွေကိုလည်း လာမယ့်နှစ်မှာ ပါဝင်ပြသဖို့ အကြံပေးချင်ပါတယ်” ဟု မန်းဇေယျာအောင် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းထက်က ပြောသည်။

ထိုကဲ့သို့ ပြခန်းများအလိုက် ခင်းကျင်းပြသထားသည့် ဒေသအလိုက် ထွက်ရှိသောတိုင်းရင်း သားရိုးရာအစားအစာများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချနေသည့် MSME ထုတ်ကုန်များအကြောင်းကို ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းအလိုက် ရှင်းလင်းဆွေးနွေးပေး လျက်ရှိသည်။

“ကိုယ့်ဒေသက ထုတ်ကုန်တွေကို ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချခွင့်ရသလို တိုက်ရိုက်ထိတွေ့ပြီး ကြော်ငြာခွင့်ရတဲ့ပြပွဲပါ။ လုပ်ငန်းရှင်တွေအတွက် အများကြီး အကျိုးပြုပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေ ရရှိအောင် နိုင်ငံတော် အကြီးအကဲတွေက MSME လုပ်ငန်းတွေကို ဦးစားပေး အားပေးတယ်၊ မြှင့်တင်ပေးတယ်၊ အချိတ်အဆက်ပေးပြီး ဈေးကွက်ရရှိအောင် ကြိုးပမ်းပေးတဲ့အတွက် လုပ်ငန်းရှင်တွေကလည်း ပြပွဲကို အားတက်သရော ပူးပေါင်းပါဝင်ကြတယ်။ ပြခန်းမှာဒေသထွက် ကုန်ကြမ်းအရင်းအမြစ်တွေကို ကုန်ချောအဖြစ် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို ခင်းကျင်းပြသထားတယ်။ ဒေသအရင်းအမြစ် ဆန်စပါး၊ ရော်ဘာ၊ ကော်ဖီ၊ OROP ထုတ်ကုန်​တွေ၊ အိမ်တွင်းလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ဒေသအစားအသောက်​တွေ၊ သစ်မွှေးနဲ့ စက်မှုထုတ်ကုန် ပစ္စည်းတွေ၊ ပြည်နယ်စက်မှုဇုန်မှာ တပ်ဆင်ပြီး မြန်မာတစ်နိုင်ငံလုံး တပ်ဆင်ဖြန့်ဝေနေတဲ့ BAJA အမှတ်တံဆိပ်သုံးဘီးနဲ့ မော်တော်ယာဉ်တွေ၊ အော်ဂဲနစ်မြေဩဇာနဲ့ ဥစားကြက်​တွေအတွက် ကယ်စီယမ်အားဖြည့်ကြက်စာတွေလည်း ပါဝင်ပြသထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွားမယ့်အပြင် ကရင်ပြည်နယ်ရဲ့ တောတောင် ရေမြေသဘာဝအလှအပကိုလည်း တစ်ခါတည်းပေါင်းပြီး ပြသထားပါတယ်။ ဒါကြောင့် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ပြောကြားသည်။

ယနေ့တွင် ပြပွဲလာပရိသတ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာအရောင်းဆိုင်များရှိ ဒေသအလိုက် အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန် ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကိုနှစ်သက်စွာ ဝယ်ယူအားပေးခဲ့ကြပြီး ပြခန်းများနှင့် အရောင်းဆိုင်များတွင် ဝယ်ယူအားပေးသူ ပြည်သူများဖြင့် စည်ကားနေသည်။

“ကျွန်တော်တို့ ပြခန်းမှာ ပြသရောင်းချတဲ့ မကွေးဒေသထွက်ပစ္စည်းတွေကို လူကြိုက်များတယ်။ ဒေသအစားအစာတွေကို အားပေးကြတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ကိုယ်စားပြုပြခန်းမှာ စားသောက်ကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ လယ်ယာသုံး စက်ကိရိယာတွေ ပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသကြီးကနေ ပြည်ပကို တင်ပို့နေတဲ့ သန့်စင်ပြီး နှမ်း၊ နှမ်းလှော်မှုန့်၊ အခွံချွတ်နှမ်း၊ ချည်ထည်ပစ္စည်း၊ ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် စတာတွေလည်း ပါပါတယ်။ လုပ်ငန်းရှင်တွေ အတွက် ပြည်တွင်းဈေးကွက်ကနေ ပြည်ပဈေးကွက်ကို တက်လှမ်းပြီး နိုင်ငံကို အကျိုးပြုနိုင်ဖို့ဒီပြပွဲက အများကြီးအထောက် အကူပြုပါတယ်။ ဒါကြောင့် ပါဝင်ပြသကြတဲ့ လုပ်ငန်းရှင်တွေက တက်တက်ကြွကြွရှိကြတယ်။ MSME လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေအကြား B2B Business Matching ကဏ္ဍတွေမှာ ချေးငွေရရှိမှုအပိုင်းတွေ၊ ဈေးကွက်ရရှိမှုအပိုင်းတွေမှာ အဆင်ပြေချောမွေ့အောင် ဒီပြပွဲကနေ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဒီလိုပြပွဲတွေကို စဉ်ဆက် မပြတ် လုပ်ဆောင်ပေးပါလို့ ပြောလိုပါတယ်” ဟု မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြခန်းတာဝန်ခံညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က ပြောသည်။

ပြပွဲလာပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ညပိုင်းတွင်နိုင်ငံကျော် အနုပညာရှင်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသည့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပထမနေ့၊ ဒုတိယနေ့နှင့် တတိယနေ့ သုံးရက်တာအတွင်း ပြခန်းများနှင့် အရောင်းဆိုင်များမှ ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး ယနေ့ပြပွဲ တတိယနေ့သို့ လာရောက်ကြည့်ရှုလေ့လာကြသည့် ပြည်သူတစ်သိန်း ရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

အောင်မင်းဟန်၊ ကျော်စွာဝင်း၊

ဓာတ်ပုံ-အောင်မင်းထွန်း 

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download