ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Industry/ Ministerial Office / February 07, 2025
နေပြည်တော်၊ ဇန်နဝါရီ (၃၀)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပပြုလုပ်မည့် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရှေ့ရှိ တပေါင်းကွင်း၊ ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ ပြခန်းများပြင်ဆင်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် MSMEထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် အတည်ပြုဆုံးဖြတ်ရမည့်ကိစ္စရပ်များအား တင်ပြပေးကြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ပြုလုပ်သည့် ပြပွဲနှင့်ပြိုင်ပွဲဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့်နှင့်လျော်ညီစွာ စည်းကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုသည် MSME များအား ပိုမိုစိတ်ပါဝင်စားလာပြီး တစ်ပိုင်တစ်နိုင်ဆောင်ရွက်လာခြင်းအားဖြင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုတိုးတက်၍ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရမှု လျော့နည်းလာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိပြီး လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် အရည်အသွေးမီ ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်မည်ဖြစ်ကြောင်း၊ MSME များသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အကူပြုသည့်ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းကို ပြည်သူများသိရှိအောင် အသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများနှင့် တိုင်းဒေသကြီး/ပြည်နယ် များမှ အဖွဲ့အစည်းများအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ယာယီကွပ်ကဲရေးရုံးတွင် ကိုယ်စားလှယ်များ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များနှင့် အချိန်ဇယားတို့အား ဦးစီးကော်မတီသို့ တင်ပြပေးစေလိုကြောင်း၊ MSME များနှင့်ပတ်သက်၍ စာတွေ့နှင့်လက်တွေ့တွင် ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရှင်များမှ MSME ၏ သဘောသဘာဝများကို လုပ်ငန်းရှင်များသိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိမည့်အကျိုးကျေးဇူးများကိုလည်း ပြည်သူအများသိရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ရည်ရွယ်ချက်ပေါင်းများစွာဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်၍ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းခွင်အား မြေပြင်ကွင်းဆင်းလေ့လာပြီး ဆပ်ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆုများချီးမြှင့်ရာတွင် ဒီဂျစ်တယ်စနစ်ဖြင့် ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ MSME ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ချီးမြှင့်မည့် အသေးစား၊ အငယ်စား၊ အလတ်စား၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုဆု၊ သမဝါယမအသင်းများ၏ ထုတ်ကုန် ဆု၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၏ ထုတ်ကုန်ဆုများ ရွေးချယ်ရာတွင် သတ်မှတ် အမှတ်ပေး စည်းမျဉ်းများနှင့်အညီ ဆုချီးမြှင့်ရေးဆပ်ကော်မတီမှ စနစ်တကျ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ သမဝါယမအသင်းပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းပြခန်းများ၏ နေ့စဉ်ရောင်းချရမှုစာရင်းများကိုလည်း သက်ဆိုင်ရာဆပ်ကော်မတီသို့ နေ့စဉ်အချိန်မီပေးပို့ သွားရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများသည် MSME များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာပြပွဲ၊ ပြိုင်ပွဲများတွင် အဆင့်မီသည့် ထုတ်ကုန်ပစ္စည်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ စွန့်ဦးတီထွင်သူများအား အားပေးမြှင့်တင်နိုင်ရေးဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ ဆပ်ကော်မတီဥက္ကဋ္ဌများမှ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်ရန် စီမံထားရှိမှု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များက တိုင်းဒေသကြီး/ပြည်နယ်အလိုက် MSME ထုတ်ကုန်များ ခင်းကျင်းပြသရန် စီမံ ဆောင်ရွက်နေမှုအခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် တက်ရောက်လာသူ များမှ ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေ၊ လုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးရာ အတည်ပြု ဆုံးဖြတ်ခြင်းများဆောင်ရွက်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper - 3513 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
