ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Ministry of Home Affairs/ နေပြည်တော် / November 22, 2025
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၂၄/၂၀၂၅)၊ ရဲသူရတပ်ခွဲ၏ သင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် တက်ရောက်၍ သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲများအား စစ်ဆေးခဲ့ပြီး ဒုတိယရဲအုပ်လောင်းများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်သည် အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သင်းယုလှိုင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ကျော်လင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝေယံ၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း သင်းယုလှိုင်၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေအောင် တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်က သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြ ရတော့မည့် သူများအနေဖြင့် ကွပ်ကဲရသည့်တပ်ဖွဲ့ကို တက်ညီလက်ညီဖြင့် စုပေါင်းဆောင်ရွက် နိုင်စွမ်းရှိအောင် ဦးဆောင်နိုင်ရမှာဖြစ်သလို မိမိကိုယ်တိုင်လည်း အရာရာမှာ စံပြဖြစ်အောင် လိုက်နာကျင့်ကြံ နေထိုင်သွားကြရန်လိုကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အစဉ်အလာကောင်းနှင့်အညီ တပ်မတော်နှင့်အတူ နယ်မြေခံပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ဒေသခံပြည်သူလူထုများနှင့် လက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့် နေရာဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည့် အကြမ်းဖက်မှုများကို နှိမ်နင်းရာတွင် ရဲစွမ်းသတ္တိအရင်းခံ၍ ရန်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ငါးပါးမှ ပဉ္စမအချက်ဖြစ်သည့် “ရန်သူ၏ စိတ်ဓာတ်ကို ယတိပြတ် ချိုးနှိမ်၍ အပြီးသတ်အောင်ပွဲ ခံယူပါ”ဆိုသည့် ကျင့်ဝတ်နှင့်အညီ ကျင့်ကြံကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း။
နိုင်ငံတော်မှလည်း တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းရွက်ခဲ့ ကြသည့် တပ်ဖွဲ့ဝင်များကို ထိုက်တန်သည့် ဂုဏ်ပြုမှုများ ချီးမြှင့်ပေးလျက်ရှိရာ မိမိတို့တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကို အလုပ်အကျွေးပြုသည့်၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်မြဲရေးကို အသက်ပေးကာကွယ်စောင့်ရှောက်တတ်သည့် ရဲတပ်ဖွဲ့ဝင်များအဖြစ် လေးနက်စွာ ခံယူပြီး ကျရာတာဝန်များကို ဦးလည်မသုန် ထမ်းရွက်သွားကြဖို့ မှာကြားလိုကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန် လေးရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ခြင်း၊ ဖြစ်ပွားပြီးသော ပြစ်မှုများမှ ကျူးလွန်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီးပြီး တရား ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ်ရရှိစေရေး ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ “မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အမြင့်ဆုံးဂုဏ်သိက္ခာသည် ပြည်သူလူထုက အားကိုးယုံကြည်မှုပင် ဖြစ်သည်” ဆိုသည့် ခံယူချက်နှင့်အညီ ပြည်သူကလေးစားပြီး အားကိုးယုံကြည်ရသည့် စွမ်းရည် ရှိသော ရဲတပ်ဖွဲ့ဖြစ်စေရေး ကြိုးပမ်းထမ်းဆောင်သွားကြစေလိုကြောင်း။
ထို့အပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေသည့် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူရမည့်အပြင် ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ၍ လက်ရှိရရှိထားသည့် တိုးတက်မှုများကို အခြေခံကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်း ဗျူဟာနှင့် မှုခင်းကျူးလွန်မှု ပုံသဏ္ဍာန်များကို စဉ်ဆက်မပြတ် လေ့လာသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်သည် ညပိုင်းတွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄/၂၀၂၅)၏ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ဒုတိယရဲအုပ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper - 3357 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
