ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / March 26, 2025
image_latest


နေပြည်တော် မတ် ၂၅

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး၊ အလုပ်သမားသံအရာရှိနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်ပါအချက်များ အောင်မြင်စေရေး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင်များအနေဖြင့် မြန်မာလုပ်သားများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်ပနိုင်ငံသို့ မထွက်ခွာမီ၊ ပြည်ပနိုင်ငံသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်နှင့် ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ အပိုင်းလိုက်ခွဲခြားကာ ဆွေးနွေးပေးစေလိုပါကြောင်း၊ ပြည်ပတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံများ၏ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံသားပီသစွာဖြင့် ထမ်းဆောင်နေကြသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ဝင်ငွေခွန်ထမ်းဆောင်သော ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မိမိတို့ရရှိသည့် လစာငွေသို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်/လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်တင်သွင်းခွင့်များ ပေးအပ်လျက်ရှိပါကြောင်း၊ ပြည်ပရောက်လုပ်သားများမှ မိသားစုထံလွှဲပို့ငွေများကို တရားဝင်နည်းလမ်းဖြင့် လုံခြုံမြန်ဆန်ချောမွေ့စွာ အခက်အခဲမရှိ လွှဲပို့နိုင်ရေး ဘဏ်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ငွေလွှဲဟွန်ဒီလုပ်ငန်းလုပ်ကိုင်နေသူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ရရှိသတင်းများကို မျှဝေကာ ဖော်ထုတ်အရေးယူနိုင်ရန်လိုအပ်ကြောင်း၊ မြန်မာအေဂျင်စီများအနေဖြင့် မြန်မာလုပ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်စေရေးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် မြန်မာလုပ်သားများအတွက် ထိရောက်အကျိုးရှိသည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်သည့် ရည်ရွယ်ချက်၊ နိုင်ငံများနှင့် စည်းကြပ်သည့်ဥပဒေနှင့် အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် လျှောက်ထားလာမှုအပေါ် စိစစ်ထုတ်ပေးနေမှုအခြေအနေများ၊ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးသည်။

ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်အချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download