ပြည်သူများနှလုံးစိတ်ဝမ်းအေးချမ်း မေတ္တာစေတနာပြန်လည်တုံ့ပြန်


Ministry of Information/ Naypyitaw / April 19, 2026
image_latest


မြန်မာနိုင်ငံတွင် အသွေးအရောင်စုံလင်သည့် လူမျိုးများနှင့် ယုံကြည်ချက်၊ ကိုယ်စီခံယူချက် မတူကွဲပြားသော ပြည်သူအများစုပေါင်းနေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ဒီမိုကရေစီခရီးလမ်းကို ပုံဖော်လမ်းခင်း လျှောက်လှမ်းလျက်ရှိသည်။ ဒီမိုကရေစီခရီးလမ်းကိုလျှောက်လှမ်းရာတွင် နိုင်ငံတော်ကပြဋ္ဌာန်းထားသော ဥပဒေ၊ အမိန့်၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရသည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါလျှင် ပြဋ္ဌာန်းထားသော ဥပဒေ၊ အမိန့်၊ စည်းကမ်းများအရ အရေးယူဆောင်ရွက်ခြင်းကိုခံကြရသည်။

အကြောင်းအမျိုးမျိုးဖြင့် အရေးယူခြင်းခံရပြီး ပြစ်ဒဏ်ကျခံနေရသောသူများသည် မိမိ မိသားစုနှင့် မိမိနိုင်ငံတော်ကို အကျိုးပြုနိုင်သည့် လူသားအရင်းအမြစ်များဖြစ်သည်။ ဥပဒေအရ အရေးယူပြစ်ဒဏ်ချမှတ်ခြင်းခံရပါက မိမိဘဝ၊ မိမိ မိသားစုဘဝ၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးနစ်နာခြင်းပင်ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်သည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများသည် နိုင်ငံသူ နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကိုအလေးထားသည်။ ကောင်းဆိုးနှစ်တန် ရောထွေးနေသော နိုင်ငံသူ နိုင်ငံသားများကို မိဘသဖွယ် မခွဲခြားဘဲဆက်ဆံသည်။ ချီးမြှောက်ထိုက်သူတို့ကို ချီးမြှောက်ပြီး အပြစ်ပေးထိုက်သူတို့ကို အပြစ်ပေးသည့်အပြင် ခွင့်လွှတ်ထိုက်သူတို့ကို ခွင့်လွှတ်သည်းခံဆက်ဆံပေးသည်။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့သည် မြန်မာနိုင်ငံအတွက် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံကောင်းမွန်သည့် တစ်မူထူးခြားသော နေ့တစ်နေ့ဖြစ်သည်။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အားလုံးတန်းတူ ပါဝင်နိုင်စေရေးအတွက်လည်းကောင်း နိုင်ငံတော်သမ္မတ သည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၄၃၃၅ ဦးကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခံရပြီးပါက ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးအနက် သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်ပြောင်းလဲကျခံစေရန်၊ ထောင်ဒဏ်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်အနှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲထားသူများမပါ)၊ ထောင်ဒဏ်နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ ပြောင်းလဲကျခံစေရန်၊ ထောင်ဒဏ်နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်နှင့် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသားအကျဉ်းသား အကျဉ်းသူ ၁၇၉ ဦးကိုလည်း လူသားချင်းစာနာထောက်ထား၍လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက်လည်းကောင်း ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့သည်။

ဒီမိုကရေစီနိုင်ငံတော်သစ်ကို တာဝန်ယူဆောင်ရွက်သည့် နိုင်ငံတော်အကြီးအကဲသည် မင်းကျင့်တရား ၁၀ ပါး၊ နာယကဂုဏ် ၆ ပါးနှင့်အညီ ဆောင်ရွက်သည်ကိုတွေ့ရသည်။ “ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု” ဟူသည့် သူတကာထက် လုံ့လဝီရိယရှိခြင်း၊ အများသူငါကို ရှေ့ဆောင်ပြုလုပ်နိုင်အောင် နိုးကြားတက်ကြွခြင်း၊ မိမိလက်အောက်ရှိ အားနည်းသောသူများကို သနားကြင်နာခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အရာရာကို ချင့်ချိန်ဝေဖန် ထောက်ဆ၍ပြုလုပ်ခြင်း၊ အရာရာကိုဉာဏ်ပညာဖြင့် ဆင်ခြင်ကြည့်ရှုခြင်းတို့ကို ပြည့်စုံအောင်ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ နိုင်ငံတော်သမ္မတက နိုင်ငံသားအားလုံးနှင့်ထပ်တူ မေတ္တာစေတနာ အပြည့်အဝထားပြီး ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းခွင့်ပြုလိုက်သဖြင့် လွတ်ငြိမ်းခွင့်ရကြသူများအားလုံးနှင့် ၎င်းတို့၏ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းအားလုံးတို့ စိတ်နှလုံးချမ်းသာ ဝမ်းမြောက်ကြမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရကြသူအားလုံးတို့အနေဖြင့် နိုင်ငံတော်သမ္မတကြီးကထားရှိသော မေတ္တာစေတနာတို့ကို ပြန်လည်အသိအမှတ်ပြုသောအားဖြင့် မိမိတို့မိသားစု၊ မိမိတို့ပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်ကို ပြန်လည်ပေးဆပ် အကျိုးပြုကြရမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ဆောက်ရာ၌ အားလုံးနှင့်အတူ တက်ညီလက်ညီပါဝင်တည်ဆောက်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download