ပြည်သူများ နေ့စဉ်သုံးစွဲရန်လိုအပ်သည့်စက်သုံးဆီကို သင့်တင့်သောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် အဆင်ပြေလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေး အထူးအလေးထား စီမံဆောင်ရွက်လျက်ရှိ
ပြည်သူများ နေ့စဉ်သုံးစွဲရန်လိုအပ်သည့်စက်သုံးဆီကို သင့်တင့်သောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် အဆင်ပြေလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေး အထူးအလေးထား စီမံဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / October 15, 2025

နေပြည်တော် အောက်တိုဘာ ၁၄
ပြည်သူများ နေ့စဉ်သုံးစွဲရန်လိုအပ်သည့်စက်သုံးဆီကို သင့်တင့်သောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်အဆင်ပြေလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ချိတ်ဆက်ထားသော အဓိကလမ်းပိုင်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အဓိကမြို့ကြီး များမှ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံးဆီများ ကြိုတင်ဖြည့်တင်းထားသည့်အပြင် လိုအပ်ပါကအချိန်နှင့်တစ်ပြေးညီ ထပ်မံဖြည့်တင်းပေးနိုင်ရန် ဆီတင်ယာဉ်ကြီးများကို စက်သုံးဆီအပြည့် ဖြည့်တင်းပြီး ဒေသအလိုက်စီမံထားရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ပြည်သူများအတွက်လိုအပ်သည့် စက်သုံးဆီသုံးစွဲမှုကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီသည်ဖြစ်သင့်ဖြစ်ထိုက်သင့်သည့်ဈေးနှုန်း၊ စက်သုံးဆီအမျိုး အစားအလိုက် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးနှင့်အခြင်အတွယ် ပြည့်မီမှန်ကန်စေရေး တို့ကို စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည့်အတွက် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း မြန်မာကျပ်ငွေခိုင်မာ ပြီး နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများလည်းကျဆင်းကာ အများပြည်သူနှင့် လုပ်ငန်းရှင်များအနေဖြင့် သင့်တင့်သောဈေးနှုန်းဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် အဆင်ပြေချောမွေ့ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိသည်။
နိုင်ငံအတွင်းရှိ စက်သုံးဆီလိုအပ်ချက်၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းနေရသော်လည်း တင်သွင်းမှုကို အစားထိုးလျှော့ချနိုင်ရန်အတွက် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက် ရှာဖွေထုတ်လုပ်ခြင်း၊ လက်ရှိရေနံချက် စက်ရုံများကို အဆင့်မြင့် မွမ်းမံပြင်ဆင်ခြင်း၊ ရေနံချက်စက်ရုံအသစ်များထပ်မံ တည်ဆောက်ခြင်းတို့ကို စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့အတူ လယ်ယာထွက် သီးနှံများဖြစ်သည့် ပြောင်း၊ ကြံ၊ ဆန်ကွဲ စသည့်ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သော ရေမဲ့အီသနောနှင့် ပြည်တွင်းထုတ်ဓာတ်ဆီတို့ကို သတ်မှတ်အချိုး အစားအတိုင်းရောစပ်ကာ ဇီဝလောင်စာဆီအဖြစ် ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲ နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် Google Play Store ၌ MPTA FM Application ကို လက်ကိုင်ဖုန်းများတွင် Download ပြုလုပ်ပြီး မိမိရောက်ရှိနေသည့်နေရာ၏ အနီးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်များ၏ ဖွင့်လှစ်မှု အခြေအနေ၊ ယင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားနှင့် ရောင်းဈေးနှုန်းတို့ကို ကြည့်ရှု၍ နှစ်သက်ရာအရောင်းဆိုင်တွင် ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှသိရသည်။
သတင်းစဉ်
Newspaper - 3318 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
