ပြည်သူများ သက်ရှည်ကျန်းမာရေး လေထုညစ်ညမ်းမှုကို ထိန်းသိမ်း
ပြည်သူများ သက်ရှည်ကျန်းမာရေး လေထုညစ်ညမ်းမှုကို ထိန်းသိမ်း
Ministry of Information/ Naypyitaw / February 26, 2026
ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။
ပုံမှန်အားဖြင့် လေထုညစ်ညမ်းမှု အဆိုးဆုံးအချိန်သည် ဒီဇင်ဘာလမှ ဧပြီလကုန်အထိဖြစ်သည်။ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလနှင့် မတ်လတွင် အပူရှိန်များတက်လာပြီး လေငြိမ်သည့်ကာလဖြစ်၍ တောမီးရှို့မှုများကြောင့် လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးဟု ပြောနိုင်သည်။ မိုးဦးကာလ မေလနှင့် ဇွန်လအတွင်း မုတ်သုံမိုးစတင်ရွာသွန်းသည်နှင့် လေထုအတွင်းရှိ အမှုန်အမွှားများသည် မိုးရေနှင့်အတူ မြေပြင်သို့ဆင်းသက်သွားကာ လေထုညစ်ညမ်းမှု အလိုအလျောက်သန့်စင်သွားမည်ဖြစ်သည်။ လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်မားဆုံးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးသတိပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုကို အုံ့မှိုင်းနေသောအသွင်သဏ္ဌာန်ဖြင့် တွေ့မြင်နိုင်သော်လည်း ညစ်ညမ်းနေသောအမှုန်အမွှားများကို မျက်စိဖြင့် မြင်နိုင်စွမ်းမရှိပေ။ အဆိုပါလေကို ကြာရှည်ရှူရှိုက်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အမှုန်အမွှားများ ခန္ဓာကိုယ်အတွင်း အများဆုံးဝင်ရောက်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ လေထုညစ်ညမ်းမှုကို ကြာရှည်ထိတွေ့မိလျှင် မျက်စိနီခြင်း၊ နာခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည့်ရောဂါများဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်း၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည်။
အများအားဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဆုတ်၊ နှလုံး၊ ဆီးချိုကဲ့သို့ နာတာရှည်ရောဂါရှိသူများ၊ အာဟာရချို့တဲ့သူများ၊ လူဦးရေထူထပ်၍ လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်ကြသောသူများ၊ လူနေမှုနိမ့်ကျသည့်နေရာများတွင် ဆိုးကျိုးသက်ရောက်မှုများသည်။ ကလေးသူငယ်များသည် လူကြီးများထက် ကိုယ်ခံအားနည်းသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသာမက ဦးနှောက်ဖွံ့ဖြိုးမှုကို မထိခိုက်စေရန် သတိပြုဖို့လိုသည်။ လေထုညစ်ညမ်းမှုသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားကို ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်မတိုင်မီမွေးဖွားခြင်း၊ ပေါင်မပြည့် လမစေ့ဘဲမွေးဖွားခြင်း စသည့်အန္တရာယ်များကို သတိပြုဖို့လိုသည်။
ညစ်ညမ်းသောလေထုတွင် ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်စသည့် အန္တရာယ်ရှိသော အမှုန်အမွှားများပါဝင်သည်။ လေထုညစ်ညမ်းမှုကို တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်းနှင့် ဖန်လုံအိမ်အကျိုး သက်ရောက်မှု စသည့်သဘာဝအန္တရာယ်ကြောင့်ဖြစ်နိုင်သည်။ မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ ထင်းမီးသွေး၊ ဆေးလိပ်၊ အမှိုက်မီးရှို့ရာမှထွက်ရှိသော မီးခိုးများ၊ အိမ်သုံးဓာတုပစ္စည်းများ၊ အအေးပေးစက်မှ ဓာတ်ငွေ့များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အော်ဂင်းနစ်ဒြပ်ပေါင်းများ စသည်တို့မှထွက်ရှိသော မီးခိုးငွေ့၊ ဓာတ်ငွေ့များဖြစ်သည့် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသောအခိုးအငွေ့များသည် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။
သဘာဝဘေးအန္တရာယ်များနှင့် လူတို့ကြောင့် လေထုညစ်ညမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် မြင့်မားနေဦးမည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်သော လေထုညစ်ညမ်းမှုကို ဝိုင်းဝန်းကာကွယ် တားဆီးကြရမည်ဖြစ်သည်။ မြို့ပြလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို စီမံကိန်း၊ စီမံချက်များချမှတ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့အနေဖြင့် အကျိုးစီးပွားအတွက် ဆင်ခြင်တုံတရားများကို မေ့လျော့နေတတ်ကြရာ ဘေးအန္တရာယ်ဖြစ်နိုင်သည့်ကိစ္စများကို ဖြစ်နိုင်သရွေ့ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အခိုးအငွေ့ထွက်သောအရာများကို ထိန်းညှိရန်နှင့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူပေးသည့် သစ်တောသစ်ပင်များကို ထူထောင်ကြရန်လိုသည်။
သို့ဖြစ်ရာ လေထုညစ်ညမ်းနေသောကာလတွင် ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ရန်လိုအပ်ပါသည်။ ရေရှည်ကာလအတွက် အန္တရာယ်ရှိသော ကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူပေးသည့် ပိတောက်၊ ကုက္ကိုကဲ့သို့ သစ်ပင်များကို အရေအတွက်ပြည့်မီအောင်၊ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးပေး၍ Green zone အစိမ်းရောင်နယ်မြေများ ထူထောင်ပြီး ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3453 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
