ပြည်သူလူထုထောက်ခံအားပေးမှု စဉ်ဆက်မပြတ်ရရှိအောင်ကြိုးပမ်း


Ministry of Information/ Naypyitaw / February 16, 2026
image_latest


၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပခဲ့သည်။ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိသည့်အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိသည့်အတွက် မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိသည်။ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်များ စာရင်းအပြင် FPTP မဲဆန္ဒနယ်များတွင် တစ်ဦးချင်းဆန္ဒမဲရရှိမှု၊ PR မဲဆန္ဒနယ်များတွင် ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကို တစ်ပြိုင်နက်ထုတ်ပြန် ကြေညာပေးခဲ့သည်။

ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးခြင်းအားဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပါတီအရေအတွက် မြင့်မားလာသည်ကိုတွေ့ရသည်။ နိုင်ငံရေးပါတီ ၃၂ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် နိုင်ငံရေးပါတီစုစုပေါင်း ၂၂ ပါတီမှ ကိုယ်စားလှယ်လောင်း များသာ ရွေးကောက်ခံခဲ့ရသည်။ ယခု ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ ၅၇ ပါတီအနက် နိုင်ငံရေးပါတီစုစုပေါင်း ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ယခင်ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ပိုမိုရရှိလာခဲ့သည်။

မဲဆွယ်စည်းရုံးခြင်းကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုပေးခဲ့ပြီး နိုင်ငံရေးပါတီများ၏ တင်ပြချက်အရ ရွေးကောက်ပွဲအပိုင်းလိုက် ထပ်မံခွင့်ပြုပေးခဲ့သည်။ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်တွင် ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့သည်။ ပြည်တွင်းပြည်ပမှ မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့သည်။ ကြိုတင်မဲပေးခြင်းကို ယခင်ရွေးကောက်ပွဲများနှင့်မတူဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်စောင့်ကြည့်ခြင်း၊ နိုင်ငံရေးပါတီများအား အကြောင်းကြားစာများပေးပို့ခဲ့ပြီး လာရောက်ကြည့်ရှုသည့် ကိုယ်စားလှယ်စာရင်းများကို တင်ပြစေခဲ့ခြင်းစသည်ဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံတစ်ရုံချင်းအလိုက် စာရင်းများရယူ ရလဒ်တွက်ချက်ခြင်းများကို ကော်မရှင်အဖွဲ့ခွဲများနည်းတူ ဆောင်ရွက်ပြီး စနစ်တကျထုတ်ပြန်ပေးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေးစိတ်များကို နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ လေ့လာကြည့်ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာချပြပေးခဲ့သည်။ ပါတီကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်သည်။ ရွေးကောက်ပွဲအပိုင်းလိုက် စနစ်တကျဖြစ်စေရန်၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာမဲပေးနိုင်ရေးနှင့် လိုအပ်မှုများမရှိစေရေး ဆောင်ရွက်ပေးခဲ့သည်။ ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားပြီး စောင့်ကြည့်လေ့လာခဲ့ကြရာ လွတ်လပ်ပြီးတရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့သည်။

နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာဌာနများမှ သတင်းသမားများအနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာသတင်းရယူခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ၏ စည်းကမ်းစနစ်ကျနပြီး အဆင်ပြေစွာလာရောက်မဲပေးမှုများကို ရေးသားထုတ်လွှင့်ပြသခဲ့ကြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးစီးသွားသော်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အမြဲတမ်းရှင်သန်နေသည့် မဲဆန္ဒရှင်စာရင်းဖြစ်စေရေး ဆောင်ရွက်ခြင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ်တွင် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပါတီများအနေဖြင့်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲကျင်းပပြီးစီးသွားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက် ပွဲကျင်းပမည့်အချိန်တွင် အဆင်သင့်ဖြစ်စေရေး၊ ရွေးကောက်ပွဲအနိုင်မရခဲ့သည့် ပါတီများအနေဖြင့် လွှတ်တော်ပြင်ပ အမျိုးသားနိုင်ငံရေးဆောင်ရွက်ခြင်းတို့ကို ပြည်သူလူထုနှင့် မဲဆန္ဒရှင်များ၏ အကျိုးကိုရှေးရှု၍ ပြည်သူလူထုထောက်ခံအားပေးမှုကို စဉ်ဆက်မပြတ် ရယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3443 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download