ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
Ministry of Information/ Naypyitaw / April 17, 2026
လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား-
မြန်မာ့နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာ၍ ဘေးဘယာဝေးကွာပြီး တိုးတက်အောင်မြင်ကြပါစေကြောင်း ကျွန်တော်ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တစ်ရပ်လုံးရဲ့ကိုယ်စား ဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့အချိန်အခါဟာ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ နှစ်သစ်ဖြစ်တဲ့ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာတဲ့ ကာလဖြစ်ပြီး နိုင်ငံတော်အတွင်းမှာလည်း အစိုးရသစ်နဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်တွေ ပေါ်ပေါက်ခဲ့ပြီလည်း ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ကျွန်တော်တို့ရဲ့ ဥပဒေပြုမဏ္ဍိုင်အဖြစ် လွှတ်တော်များလည်း ပြန်လည်ဖြစ်ပေါ်လာတာနဲ့အမျှ လွှတ်တော်တွေရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့ မျှော်လင့်ချက်လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့အတိုင်း - နိုင်ငံသူ နိုင်ငံသားတို့ရဲ့ ရင်တွင်းကအသံတွေ၊ ဖြစ်ချင်ကြတဲ့ဆန္ဒတွေနဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့က ကျွန်တော်တို့လွှတ်တော်ရဲ့ အန္တိမရည်မှန်းချက်လည်း ဖြစ်ပါတယ်ခင်ဗျား။
ကျွန်တော်တို့ ဒီရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် လွှတ်တော်အတွင်းမှာ နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်မြေအသီးသီးက ပြည်သူတွေရွေးချယ်ခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ လွှတ်တော်အတွင်းမှာသော်လည်းကောင်း၊ လွှတ်တော်ရပ်နားထားချိန်မှာ သက်ဆိုင်ရာမဲ ဆန္ဒနယ်မြေတွေမှာ သော်လည်းကောင်း၊ ရောက်ရှိနေကြမှာဖြစ်ပြီး ပြည်သူတွေရဲ့ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှု တာဝန်တွေကို စတင်ထမ်းဆောင်နေကြပြီလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာ နိုင်ငံတော်အစိုးရနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အသိပေးပြောကြားလိုပါတယ်။
မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား -
ကျွန်တော်တို့ လွှတ်တော်ဟာ ဥပဒေပြုရေးတာဝန်ကိုလည်း ထမ်းဆောင်ရမှာဖြစ်လို့ တည်ဆဲဥပဒေများကို ပြန်လည်ဆန်းစစ်ခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက အသစ်ပြဋ္ဌာန်းခြင်းစတာတွေနဲ့ ပြည်သူတွေအားလုံးဥပဒေရဲ့ အကာအကွယ်အောက်မှာ အပြည့်အဝစိတ်အေးချမ်းသာနေနိုင်ဖို့လည်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ရည်မှန်းချက်တာဝန်ဖြစ်တဲ့ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူအချိတ်အဆက်မိမိ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများရဲ့ လိုအင်ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ဖော်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ လွှတ်တော်က အထူးကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မိဘပြည်သူညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား -
နိဂုံးချုပ်အနေနဲ့ နှစ်ဟောင်းမှာကြုံခဲ့ရတဲ့ အခက်အခဲနဲ့ မအောင်မြင်မှုတွေကို အေးချမ်းတဲ့ အတာရေသဘင်နဲ့ ဆေးကြောသန့်စင်နိုင်ပြီး နှစ်သစ်မှာ ဘေးကင်းရန်ကင်းကွာ ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပါစေ။
ပြည်သူများအနေနဲ့ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ယုံကြည်စွာ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။
အနာဂတ်မှာ ပိုမိုခိုင်မာပြည်မြန်မာကြီး ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ယခုနှစ်သစ်ကစလို့ နားလည်မှု၊ စာနာမှု၊ ခွင့်လွှတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ရှေ့ခရီးကို ဦးတည်သွားကြပါစို့လို့ ပြင်းပြတဲ့ဆန္ဒနဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားအပ်ပါတယ်ခင်ဗျား။
မိဘပြည်သူ နိုင်ငံသူနိုင်ငံသား အားလုံးအေးချမ်း၊ သာယာ၊ ငြိမ်းချမ်း၊ ပြည့်စုံနိုင်ကြပါစေ။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
