ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေး စက်ရုံတည်ဆောက်ရာတွင် အင်ဂျင်နီယာကောင်စီမှလည်း နည်းပညာဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ပေးကြရမည်


Ministry of Information/ Naypyitaw / January 18, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးစံချိန်စံညွှန်းပြည့်မီသည့် ဖွဲနုဆီများ စနစ်တကျ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များ (Code of Practice for Construction and Operation of Rice Bran Oil Mill) နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ ဓာတုအင်ဂျင်နီယာလုပ်ငန်းအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ အစာအာဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်းတို့မှ တာဝန်ရှိသူများ၊ ဖွဲနုဆီစက်များ တည်ထောင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဖွဲနုဆီစက်များသည် ယခင်က ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်တည်ရှိခဲ့ပြီး နိုင်ငံပိုင်စက်ရုံများဖြစ်သောကြောင့် စက်မှုမှတ်ပုံတင်ပြုလုပ်ရန်မလိုဘဲ သက်ဆိုင်ရာဝန်ကြီးဌာနက ခန့်အပ်ထားသောအင်ဂျင်နီယာများဖြင့် ကြီးကြပ်လည်ပတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစက်ရုံများကို စက်မှုဝန်ကြီးဌာနအနေဖြင့် ဘွိုင်လာစစ်ဆေးခြင်း၊ လျှပ်စစ်စစ်ဆေးခြင်းများသာ ဆောင်ရွက်ခဲ့ကြောင်း။

ဖွဲနုဆီထုတ်လုပ်မှု နည်းစဉ်အရဘေးအန္တရာယ်ရှိသော ဓာတုပစ္စည်းများသုံးစွဲရခြင်းကြောင့် မီးလောင်ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်းစွာ လည်ပတ်ဆောင်ရွက်နိုင်စေရန်အတွက် အသစ်တည်ဆောက်မည့် ဖွဲနုဆီစက်များနှင့် ဆီသန့်စက်ရုံများအား တတ်သိနားလည် ကျွမ်းကျင်သူများဖြင့် တည်ဆောက်ကြရန် လိုအပ်ကြောင်း၊ စက်ရုံတည်ဆောက်ရာတွင် အင်ဂျင်နီယာကောင်စီမှလည်း နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ သို့မှသာ အများပြည်သူဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်သားများလုံခြုံဘေးကင်းရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု ရေရှည်တိုးတက်လာမည်ဖြစ်ကြောင်း။

ယခုအခါ အသစ်တည်ဆောက်မည့် ဖွဲနုဆီစက်၊ စားသုံးဆီသန့်စင်စက်ရုံများနှင့်ပတ်သက်၍ စီမံကိန်းအတည်ပြုချက်ရရှိရန် တင်ပြသည့်အခါ ဆက်စပ်ဘာသာရပ်ဖြစ်သည့် ဓာတုအင်ဂျင်နီယာများမှ အတည်ပြုပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနမှ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် စိစစ်သည့်အခါ အချိန်တိုတိုအတွင်းဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များ သတ်မှတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကနှင့်ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ ဓာတုအင်ဂျင်နီယာလုပ်ငန်းအဖွဲ့မှ ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များရေးဆွဲရေး အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များ သတ်မှတ်ထုတ်ပြန်နိုင်ရေးအတွက် ရေးဆွဲထားရှိမှုအခြေအနေကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဖွဲနုဆီစက် တည်ဆောက်လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များတွင် ပါဝင်သင့်သည့်အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3420 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download