ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို) က ရခိုင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီး ၄ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့အား မင်္ဂလဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / November 02, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို) မှ ရခိုင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီး ၄ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့အား မင်္ဂလဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ပြုလုပ်ရာ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ/ မြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ပဓာနာယကဆရာတော် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂæဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသထံက သမ္မောဒနီယဩဝါဒကထာကို မိန့်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (Y. M. B. A) (ဗဟို) မှ လှူဒါန်းသော အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့တံဆိပ်တော်များအား စစ်တွေမြို့ အဘယရက္ခိတကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒောဘာသနှင့် ရွှေစေတီပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အရိယဝံသတို့ထံသို့ လည်းကောင်း၊ မဟာမင်္ဂလဇောတိကဓဇဘွဲ့တံဆိပ်တော်များအား စစ်တွေမြို့ သဲချောင်း ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစိန္တိတနှင့် ရွှေတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိယတို့ထံသို့လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းက ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ရက္ခိတစွမ်းအားပရဟိတအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်မောင်အား မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ တိုင်းမှူးက ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းအတွင်းရေးမှူး ဦးမောင်သိန်းခိုင်အား မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကိုလည်းကောင်း အသီးသီးချီးမြှင့်အပ်နှင်းပေးအပ်သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို) အတွက် အလှူငွေကျပ်သိန်း ၃၀၀ ကို အသင်းကြီးဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းပြီး ဧည့်ပရိသတ်များက ရွှေစေတီပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3337 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download