ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 14, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၄

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟို၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန် နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း မှတ်တမ်းဓာတ်ပုံပြခန်းအား ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများတွင် ဆုရရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ဂါရဝပြု ဦးညွတ်အလေးပြုကြသည်။

ယင်းနောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မသုသုသံသာအောင်က သုံးရောင်ခြယ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး စတင်ပေါ်ပေါက်ချိန်ကတည်းက ထားရှိခဲ့သည့် ရည်ရွယ်ချက်များနှင့်အညီ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို ကျင်းပပြီး “သာသနာ” တော် ထွန်းကားပြန့်ပွားရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုပါက(၇၅)ကြိမ် မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အသင်းကြီးစတင်ပေါ်ပေါက်လာကတည်းက “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးအတွက် ရည်ရွယ်ချက်ထားရှိခဲ့ပြီး မူလချမှတ်ခဲ့သည့် ရည်ရွယ်ချက်များနှင့်အညီ ယနေ့အချိန်တိုင်အောင် မပျက်မယွင်းဘဲ တာဝန်ရှိသူများက ကြိုးပမ်းအကောင်အထည်ဖော်နေကြသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစွာ အသိအမှတ်ပြုပါကြောင်း။

YMBA အသင်းကြီး၏ သမိုင်းကြောင်းကို ပြန်လည်ပြောကြားရမည်ဆိုပါက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းသည် ဒွန်တွဲပါလာမည်ပင်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် YMBA အသင်းကြီးသည် လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ဦးရွက်ပြုခဲ့သည့် အစောဆုံးအမျိုးသားရေးအသင်းအဖွဲ့ကြီးဟု ဆိုနိုင်ပါကြောင်း၊ ၁၉၀၆ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် အသင်းကြီးသည် ယနေ့ဆိုပါက နှစ်ပေါင်း ၁၁၉ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။

မြန်မာ့သမိုင်းကိုပြန်ကြည့်မည်ဆိုပါက မိမိတို့လူမျိုးများသည် အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ပြင်းပြသူများဖြစ်သည်ကို အခိုင်အမာတွေ့ရှိရပါကြောင်း၊ မိမိတို့သည် လွတ်လပ်ရေးကြီး ဆုံးရှုံးခဲ့ရသော်လည်း မြန်မာတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုအားကြောင့် ၁၉၀၆ ခုနှစ်တွင် ဘာသာရေးကိုအခြေခံသည့် YMBA အသင်းကြီးပေါ်ပေါက်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၁၉၂၀ ပြည့်နှစ်တွင် YMBA မှ GCBA ဟူ၍ပြောင်းလဲဖွဲ့စည်းကာ ယခင်ကထက် နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်နိုင်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများကိုလည်း တွေ့ရှိရကြောင်း၊ ထို့နောက် တို့ဗမာအစည်းအရုံးပေါ်ပေါက်လာပြီး အစည်းအရုံးဝင် သခင်လူငယ်များမှတစ်ဆင့် ရဲဘော်သုံးကျိပ်၊ ရဲဘော်သုံးကျိပ်မှတစ်ဆင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းနိုင်ခဲ့ကာ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည့်အထိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက အခြေခံအုတ်မြစ်ကောင်းများကို ချမှတ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်ရဲ့သမိုင်းအစ ဘီအိုင်အေကဆိုသကဲ့သို့ မျိုးချစ်စိတ်ရဲ့အစ YMBA ကဟု ပြောရမည်ဖြစ်ကြောင်း။

“အမျိုး” ဟူသည်ကို “အမျိုးသားများကြီးပွားတိုးတက်ရေး၊ အမျိုးသားများနှင့် သက်ဆိုင်သောအရေးအခင်းများ”ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း၊ သမိုင်းစဉ်တစ်လျှောက်ကို လေ့လာကြည့်မည်ဆိုပါကလည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းတည်ဆောက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ကမ္ဘာ့ဖြစ်ရပ်များကိုကြည့်ပါက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကို ဦးစားပေး ဖော်ထုတ်လာကြသည်ကိုတွေ့နိုင်ကြောင်း၊ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများ အောင်မြင်ဖြစ်ထွန်းစေရေး “စစ်မှန်သောအမျိုးသားရေး စိတ်ဓာတ်” နိုင်ငံသားတိုင်းတွင် မရှိမဖြစ်ရှိနေကြရန်လိုအပ်ကြောင်း၊ ယင်းအချက်ကို တွေးတောဆင်ခြင်မိကြသည့် ဗုဒ္ဓဘာသာသာ ကလျာဏယုဝအသင်းကြီးကို စတင်တည်ထောင်ခဲ့ကြသူများသည် အမျိုးဆိုသည်နှင့်ပတ်သက်၍ ထည့်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း။

မိမိတို့၏ မြန်မာစာပေ၊ မြန်မာဘာသာစကားသည် နှစ်ပေါင်းရှည်ကြာ သမိုင်းအထောက်အထား ခိုင်မာစွာဖြင့် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ဘာသာစကားတစ်ခု၏ တန်ဖိုးကို မိမိမွေးရပ်ဇာတိတိုင်းပြည်မဟုတ်သည့် နိုင်ငံရပ်ခြားဒေသတစ်ခုသို့ရောက်ရှိချိန်မှ ပိုမိုနားလည်သိရှိတတ်ကြကြောင်း၊ ထိုအခါမှ မိမိတို့၏ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေသည် ပိုမိုလေးနက်သည်ကို သိလာကြကြောင်း၊ ဒီမြေမှာမွေးဒီမြေမှာကြီးပြင်းသူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်စာပေနှင့်ဘာသာစကားကို အလေးထားကြရန်လိုကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားစာပေများ ပျောက်ဆုံးမှုကြောင့် တိုင်းပြည်ပါပျောက်သည်အထိဖြစ်ခဲ့သည့် သာဓကများလည်းရှိနေကြောင်း။

ယနေ့အချိန်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးအနေဖြင့်လည်း ဘာသာ၊ စာပေနှင့်ပတ်သက်ပြီး ဆက်လက်ပုံဖော်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာစာပေနှင့်ကိုယ်ပိုင်ဘာသာစကားများ ရှိပြီးသားထက် တိုးတက်မြင့်မားလာစေရန် ဘက်စုံထောင့်စုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိနေသည်ကို ပြောကြားလိုကြောင်း။

ယနေ့ခေတ်မှ ပညာခေတ်မဟုတ်ကြောင်း၊ ကမ္ဘာဦးကာလကတည်းက ပညာကိုအခြေပြုပြီး လူ့ဘောင်လောကကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပညာကြောင့်ပင် လူသားတို့ယဉ်ကျေးမှုသမိုင်း ပြောင်းလဲတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကိုလေ့လာကြည့်ပါက ပညာတတ်များပေါကြွယ်ဝခြင်းနှင့် ပညာရေးကို နှစ်ကာလများစွာကတည်းက အားပေးခဲ့ကြခြင်းကြောင့်ဖြစ်သည်ကို တွေ့နိုင်ကြောင်း၊ “ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး” ဆိုသည့်အတိုင်း အသိပညာ၊ အတတ်ပညာများ ပြည့်ဝနေခြင်းသည် မိမိတို့တစ်ဦး တစ်ယောက်ချင်း၏ ဘဝများအတွက်သာမက ပညာတတ်များပြည့်ဝသည့် နိုင်ငံတော်တစ်ခုအတွက်လည်း ကမ္ဘာ့အလည်တွင် ဝင့်ထည်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9 အထိမသင်မနေရ ပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း။

မိမိတို့နိုင်ငံ၏ ပညာရေးစနစ်သည် အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာအထိ ပြည့်စုံအောင် ဖန်တီးပေးထားသည့် စနစ်ကောင်းတစ်ခုပင်ဖြစ်ကြောင်း၊ အတတ်ပညာ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်မှစပြီး တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုအတွက် ရှေ့ပြေးသဖွယ်ပေါ်ပေါက်ခဲ့သော YMBA အသင်းကြီးကချမှတ်ခဲ့သည့် ရည်ရွယ်ချက်များကို ယနေ့ကာလတိုင် မျိုးဆက်သစ်များက လက်ဆင့်ကမ်းတာဝန်ယူ ထမ်းရွက်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း။

မျိုးချစ်စိတ်ဓာတ်ခိုင်မာမှု၊ လျော့နည်းမှုပေါ်မူတည်ပြီး နိုင်ငံတော်သည် ဆူကြုံနိမ့်မြင့် ခရီးအသွယ်သွယ်ကို လျှောက်လှမ်းခဲ့ရကြောင်း၊ ထို့ကြောင့် ကြုံတွေ့ခဲ့ရသည့် သမိုင်းဖြစ်စဉ်များကို သင်ခန်းစာယူပြီး ယခုနှစ်အမျိုးသားအောင်ပွဲနေ့အတွက် ချမှတ်ထားသော ဆောင်ပုဒ်ဖြစ်သည့် “စည်းလုံးချစ်ကြည်လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည်” ဆိုသည့် ဆောင်ပုဒ်သည် ယနေ့အချိန်တွင် တိုင်းပြည်၏ ပကတိလိုအပ်ချက်ဖြစ်သော ခိုင်မာကောင်းမွန်သည့် အမျိုးသားရေးစိတ်ဓာတ်တစ်ခုပင်ဖြစ်သည်ကို အားလုံးရင်ထဲတွင် စွဲမြဲနားလည်နေကြရန် လိုအပ်ကြောင်း။

မြတ်စွာဘုရား၏ သာသနာတော်ဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်သကဲ့သို့ ကိုယ်စီကိုယ်စီတွင်ရှိသင့်သည့် ကိုယ်ချင်းစာတရားတစ်ခုလည်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း၏ နှလုံးအိမ်တွင် မြတ်စွာဘုရား၏ အဆုံးအမများကိန်းအောင်းနေရန်အတွက် (၃၈)ဖြာမင်္ဂလာတရားတော်သည် အခြေခံပင်ဖြစ်ကြောင်း၊ ထိုသို့အဆုံးအမများ တိုင်းသူပြည်သားများ၏ နှလုံးအိမ်တွင်တည်ရှိနေရန် ၁၉၄၉ ခုနှစ်မှစပြီး (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကို YMBA အသင်းကြီးက ဦးဆောင်ကျင်းပခဲ့သည်မှာ ယခုအခါ(၇၅) ကြိမ်မြောက် စိန်ရတုအခါသမယတိုင်ခဲ့ပြီဖြစ်ကြောင်း။

ထိုသို့ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်နှင့်တစ်မျိုးသားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် (၇၅) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများကိုကျင်းပရာတွင် ယခင်နှစ်များနှင့်မတူ ထူးခြားသည်မှာ မြန်မာဘာသာနှင့် သာမကပဲ တိုင်းရင်းသားဘာသာများဖြစ်သည့် မွန်၊ ပအိုဝ့်ဘာသာများနှင့်ပါ ဖြေဆိုနိုင်ခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာတွေ့ရှိရကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ယခုတိုင်းရင်းသားဘာသာစကားများအပြင် အခြားတိုင်းရင်းသားဘာသာစကားများနှင့်ပါ ဖြေဆိုနိုင်ကြရေးအတွက် မိမိအနေဖြင့် တိုက်တွန်းပြောကြားလိုကြောင်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် YMBA အသင်းကြီးသည့် ယနေ့ဆိုပါက နှစ်ပေါင်း ၁၁၉ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ စတင်ပေါ်ပေါက်ချိန်ကတည်းက ချမှတ်ခဲ့သည့် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို အားပေးပါ” ဆိုသည့် ရည်ရွယ်ချက်သည် ယနေ့ထက်တိုင် အသက်ဝင်နေဆဲ၊ မျိုးဆက်သစ်များက လက်ဆင့်ကမ်းဆောင်ရွက်နေရဆဲ သမိုင်းပေးတာဝန်များပင်ဖြစ်ကြောင်း၊ အဆိုပါတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်တပ်တစ်အားကြိုးစား ဆောင်ရွက်နေသကဲ့သို့ အမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် အမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း အလေးထားသည့်စိတ်၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်၊ ပညာကိုမြှင့်တင်လိုသည့် စိတ်ဓာတ်ခံယူချက်များဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ကိုယ်စီကိုယ်စီတာဝန်သိသိ တာဝန်ရှိရှိ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးရဲထွန်းက တပ်မတော်စစ်သမိုင်းပြတိုက်သို့ ပေးအပ်လှူဒါန်းသည့် ၁၃၁၃ ခုနှစ်၊ တန်ခူးလဆန်း(၁၀) ရက်၊ ၁၉၅၂ ခုနှစ်၊ ဧပြီလ(၄) ရက်သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အဆောက်အဦအုတ်မြစ်ချရာတွင် အသုံးပြုခဲ့သော သမိုင်းဝင်ဗိသုကာသံလက်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ပေးအပ်သည်။

ယင်းနောက် ပအိုဝ်းရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် မွန်ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ (၇၅)ကြိမ် မြောက်စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ(အကြီးတန်း)၊ ပအိုဝ်းဘာသာ(အကြီးတန်း)နှင့် မွန်ဘာသာ(အငယ်တန်း)တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

၎င်းနောက် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက (၃၈)ဖြာမင်္ဂလာတေးအား ရွတ်ဆိုကြပြီး ဇာတိမာန်သီချင်းအားသီဆိုကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဆုရရှိသူများ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ နေ့လည်စာအား အတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3349 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download